top of page
Logo-Icon.png

လက်အောက်ငယ်သားများ၏သက်သာချောင်ချိရေးကိုစောင့်ရှောက်ရန် စစ်ဘက်ခေါင်းဆောင်များကိုPDFတိုက်တွန်း

11 hours ago
1 min read

အောက်တိုဘာ ၁၅ ၊ Horizons



ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က စစ်ဘက်ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာရန် လက်အောက်ငယ်သားများ၏အခက်အခဲနှင့် လိုအပ်ချက်များကိုနားလည်သိရှိပြီး ၎င်းတို့၏သက်သာချောင်ချိရေးကို အစဉ်တစိုက်စောင့်ရှောက်ရန် ယမန်နေ့အောက်တိုဘာ(၁၄)ရက်တွင် တိုက်တွန်းပြောဆိုခဲ့သည်။


စစ်ဘက်ခေါင်းဆောင်များလိုက်နာရမည့် အဓိကကျသောအချက်တစ်ခုမှာ“မိမိ၏လက်အောက်ငယ်သားများကိုသိရှိနားလည်ပါ၊သူတို့၏သက်သာချောင်ချိရေးကိုကြည့်ရှုစောင့်ရှောက်ပါ”(Know your people and look out for their welfare)ဟူသည့်အခြေခံမူဖြစ်ကြောင်း PDFက ပြောဆိုထားသည်။


ခေါင်းဆောင်တစ်ဦးအနေဖြင့် မိမိနှင့်အတူတာဝန်ထမ်းဆောင်နေသည့်ရဲဘော်ရဲဘက်များ၏ အခြေအနေ၊အခက်အခဲများနှင့်လိုအပ်ချက်များကို အမြဲမပြတ်သိရှိနားလည်ထားရန်လိုအပ်ကြောင်းလည်းဖော်ပြထားသည်။ထို့အပြင်လက်အောက်ငယ်သားများ၏သက်သာချောင်ချိရေးကို စာနာထောက်ထားစွာစောင့်ရှောက်ပေးခြင်းသည် တပ်ဖွဲ့ဝင်များ၏စိတ်ဓာတ်ကိုမြှင့်တင်ပေးနိုင်ပြီး အောင်ပွဲများဆီသို့အတူတကွချီတက်နိုင်ရန်အထောက်အကူဖြစ်စေကြောင်း PDFကဆိုသည်။


PDF၏ယခုတိုက်တွန်းချက်တွင် စစ်ဘက်ခေါင်းဆောင်မှုအတွက်အမိန့်ပေးခြင်းနှင့် တာဝန်ခွဲဝေပေးခြင်းသာမက လက်အောက်ငယ်သားများကိုနားလည်သိရှိပြီး ၎င်းတို့၏လူမှုဘဝနှင့်သက်သာချောင်ချိရေးကိုပါ ဂရုစိုက်စောင့်ရှောက်ရန်အရေးကြီးကြောင်းအလေးပေးထားသည်။


Comments


bottom of page