top of page
Logo-Icon.png

“သိန်းတန်” နိုင်ငံကနေ “သိမ်းတန်” နိုင်ငံဆီသို့


ရွှေမြန်မာတွေ နိုင်ငံခြားမှာ သွေးထွက်အောင် ရုန်းကန်ပြီးလို့ ကိုယ့်တိုင်းပြည်ကိုယ်ပြန်လာတဲhအခါ အရင်လို ဝမ်းသာပီတိတွေ မရှိတော့ပါဘူး။အမိမြေကို ခြေချလိုက်တာနဲ့ နှုတ်ဆက်ကြိုဆိုနေတာက တရားဝင်ဓားပြတိုက်ခြင်း (၂) မျိုးပါပဲ။


မိသားစုအတွက် စေတနာနဲ့ ဝယ်လာတဲ့အသုံးအဆောင်လေးတွေ၊ လက်ဆောင်လေးတွေဟာ လေဆိပ်ရောက်တာနဲ့ အကောက်ခွန်၊တာဝန်ကျတွေရဲ့ အမွေရထားတဲ့ ပစ္စည်းတွေလို ဖြစ်သွားပါတယ်။ဥပဒေဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဖုန်းပိုပါရင် သိမ်းမယ်၊ ပစ္စည်းများရင် သိမ်းမယ် ဆိုပြီး အကြောင်းအမျိုးမျိုးပြကာ အတင်းအဓမ္မ "သိမ်း" ကြ၊ ယူကြတာ တကယ့်ကို ဓားပြဂူထဲ ရောက်သွားသလိုပါပဲ။


လေဆိပ်ကနေ အသက်လုပြီး အိမ်ပြန်ဖို့ ကားစီးလာပြန်တော့လည်း လမ်းတလျှောက် ဂိတ်မှန်သမျှမှာ အနုကြမ်းစီးခံရပြန်ပါတယ်။သူတို့တောင်းတဲ့ ငွေကို မပေးရင် မလိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြခိုင်းပြီး "စာတစ်တန်"၊ လက်နက်နဲ့ ခြိမ်းခြောက်ပြီး "အာဏာတစ်တန်" နဲ့ နည်းမျိုးစုံသုံးကာ အောက်တန်းကျကျ တောင်းရမ်း ငွေညှစ်နေကြတာပါ။


အရင်က မြန်မာပြည်ဆိုတာ သယံဇာတတွေပေါများလို့ "သိန်းတန်" တဲ့ ရွှေနိုင်ငံကြီးလို့ တင်စားကြတယ်။အခု အဘတို့ ခေတ်မှာတော့... ပြည်သူ့ပစ္စည်းတွေကို မတရား "သိမ်း" တာနဲ့ ပြည်သူ့ဆီကငွေကို အာဏာတတန် စာတတန်နဲ့ ညှစ်တဲ့ "တန်" တွေသာ ပေါများလွန်းလို့၊ ခေတ်သစ် မြန်မာပြည်ကြီးကို "သိမ်းတန် နိုင်ငံတော်ကြီး” လို့သာ ခေါ်လိုက်ချင်ပါတော့တယ်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page