top of page
Logo-Icon.png

သူလျှိုလုပ်မှုဖြင့် ဂျပန်သတင်းထောက်ကို ရုရှား ဖမ်းဆီး

2 days ago
1 min read

အောက်တိုဘာ ၁၄၊ Horizons



ဂျပန်နိုင်ငံအတွက် မော်စကို၏ ကာကွယ်ရေးစွမ်းရည်နှင့် ပတ်သက်သည့် သတင်းအချက်အလက် များ စုဆောင်းပေးခဲ့သည်ဟု စွပ်စွဲကာ ဂျပန်သတင်းထောက်တစ်ဦးကို သူလျှိုလုပ်မှုဖြင့် ရုရှားအာဏာပိုင် များက တရားစွဲဆိုလိုက်သည်။


ဟော့ကိုင်းဒိုးရှင်ဘွန် သတင်းစာမှ သတင်းထောက် ယူကီအိမိုင်းကို ရုရှားနိုင်ငံမှ ထွက်ခွာရန် တစ် ရက်အလိုတွင် ဝေးလံခေါင်ဖျားသော ဆာခါလင်းဒေသ၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။အငြင်းပွား ကူရေးကျွန်းစုများသို့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်က လည်ပတ်ခဲ့ပြီးနောက် ပေါ်ပေါက်လာသည့် ယခုဖမ်းဆီးမှုကြောင့် စက္ကူစုတ်ကဲ့သို့ တင်းမာနေသော အခြေအနေများ ပိုမို ဆိုးရွား လာခဲ့သည်။



အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကာအိချိက အချက်အလက်များ ကို စိစစ်နေဆဲဖြစ်ပြီး သင့်တော်သလို တုံ့ပြန်သွားမည်ဟု ပြောကြားသည်။အိမိုင်းသည် ဂျပန်အမျိုးသား ထောက်လှမ်းရေးအဖွဲ့၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့ပြီး ကူရေးကျွန်းစုတွင် အထူးစစ်ဆင်ရေး၌ ပါဝင်သူများ၏ အချက်အလက်များကို စုဆောင်းခဲ့သည်ဟု ရုရှား က စွပ်စွဲထားသည်။



ဂျပန်မြောက်ပိုင်း ဟော့ကိုင်းဒိုးနှင့် ရုရှား၏ ကမ်ချက်ကာကျွန်းဆွယ်ကြားတွင် တည်ရှိသော ကူ ရေးကျွန်းစုများကို ရုရှားက အုပ်ချုပ်နေသော်လည်း တောင်ဘက်စွန်းရှိ ကျွန်း ၄ ကျွန်းကို ဂျပန်က ပိုင်ဆိုင် သည်ဟု တောင်းဆိုထားသည်။အိမိုင်းကို မော်စကိုမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး တရားရုံးစစ်ဆေးမှု မစတင်မီ ဒီဇင်ဘာ ၁၂ ရက်အထိ ချုပ်နှောင်ထားမည်ဖြစ်ကာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်သည်။


ယခုဖြစ်ရပ်သည် သီးခြားဖြစ်ရပ်တစ်ခု မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေး ဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောဆိုခဲ့သော်လည်း အလားတူ ပါဝင်ပတ်သက်နေသည့် အခြားသတင်း ထောက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။အိမိုင်း ရေးသားဖော်ပြခဲ့ဖူးသော သတင်းများတွင် ရုရှားနှင့် မြောက်ကိုရီးယား ဆက်ဆံရေးအ ကြောင်းနှင့် ဆာခါလင်းဒေသ၏ လူနေမှုဘဝ အကြောင်းအရာများ ပါဝင်ခဲ့သည်။


နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုကြောင့် ဒုတိယကမ္ဘာစစ် အပြီးတွင် မော်စကိုနှင့် တိုကျိုတို့ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်ခဲ့မှုကြောင့် ရုရှားအပေါ် ဂျပန်က စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အေးစက်လျက်ရှိသည်။


News & Photo: BBC



Comments


bottom of page