အိန္ဒိယအရှေ့ပိုင်း ကူးတို့လှေ တိမ်းမှောက်မှုတွင် လူ ၁၃ ဉီး သေဆုံး
အောက်တိုဘာ ၁၄၊ Horizons

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ကူးတို့လှေတစ်စင်း တိမ်းမှောက်ခဲ့ရာ ကလေးငယ် များ အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါဖြစ်ရပ်သည် ဗေရှာလီခရိုင်အတွင်း ဖြစ်ပွားခဲ့ပြီး ရုပ်အလောင်း ၁၃ လောင်းကို ရှာဖွေတွေ့ ရှိထားပြီဟု အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ ဗာရှားဆင်းဂျ်က သတင်းထောက်များကို ပြောသည်။

လက်ရှိတွင် လူခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
ဘီဟာပြည်နယ် ဝန်ကြီးချုပ် ဆမ်ရတ်ချိုဒါရီက ကယ်ဆယ်ရေး လုပ်ငန်းများကို အမြန်ဆုံး ပြီး မြောက်အောင် လုပ်ဆောင်ရန်နှင့် ဒဏ်ရာရရှိသူများအတွက် အကောင်းဆုံး ဆေးကုသမှုများ ရရှိစေရန် အာဏာပိုင်များကို ညွှန်ကြားထားသည်။
ဒေသန္တရ လွှတ်တော်ကိုယ်စားလှယ်နှင့် အတိုက်အခံ ခေါင်းဆောင် တီဂျာရှဝီယာဒက်က အဆိုပါ ကလေးငယ်များသည် ပွဲလမ်းသဘင်တစ်ခုသို့ လှေဖြင့် သွားရောက်စဉ် ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက လူ့အသက် ဆုံးရှုံးရမှုအပေါ် အလွန်တရာ စိတ်မကောင်း ဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။
ဝမ်းနည်းကြေကွဲနေရသည့် မိသားစုဝင်များနှင့် အတူရှိနေပါကြောင်း၊ ဒဏ်ရာရရှိသူများ အမြန်ဆုံး သက်သာပါစေကြောင်း ၎င်းက ဆုတောင်းပေးခဲ့သည်။ဒေသန္တရ အာဏာပိုင်များအနေဖြင့် ထိခိုက်ခံစားရသူများကို လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သူက ဆက်ပြောသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ ဒေသန္တရ တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများနှင့် ကူ ညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည်။
ဒေသတွင်း ရေလမ်းခရီးသွားလာမှု လုံခြုံရေးနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့အ စည်းများက အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းများက ဖော်ပြသည်။
News & Photo: Anadolu Agency




Comments