အီရန်က စစ်ရေးပစ်မှတ်များကို ဦးတည်တိုက်ခိုက်ရန် ပြောင်းလဲလာဟု ဗြိတိန် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ သတိပေး
အောက်တိုဘာ ၁၄၊ Horizons

အီရန်နိုင်ငံသည် ဗြိတိန်နိုင်ငံ၌ တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုးပမ်းရာတွင် စစ်ဘက်စခန်းများလို ပိုမိုခိုင်မာသည့် ပစ်မှတ်များကို ဦးတည်တိုက်ခိုက်ရန် ပြောင်းလဲလာကြောင်း ဗြိတိန် ထောက်လှမ်းရေးအ ဖွဲ့ (MI5) အကြီးအကဲက သတိပေးလိုက်သည်။
MI5 ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဆာ ကင်မက်ကလမ်က လန်ဒန်မြို့ရှိ ဌာနချုပ်၌ ပြုလုပ်သော နှစ်ပတ်လည် ခြိမ်းခြောက်မှုဆိုင်ရာ အစီရင်ခံစာ တင်ပြပွဲတွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်သည် ဗြိတိန်အတွင်း အကြမ်းဖက်မှုများ ပြုလုပ်ရန် ဒုစရိုက်ဂိုဏ်းများကို ကိုယ်စားလှယ် အဖြစ် အသုံးပြုကာ အတိုက်အခံများ၊ အီရန် မီဒီယာအဖွဲ့အစည်းများနှင့် အစ္စရေး ပစ်မှတ်များကို ခြိမ်း ခြောက်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် တစ်နှစ်အတွင်း ဗြိတိန်နိုင်ငံ၌ အီရန်နှင့် ဆက်နွှယ်သည့် မသင်္ကာဖွယ်ရာ ပါဝင်ပတ် သက်မှုများကြောင့် လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးခဲ့ရကြောင်း MI5 အကြီးအကဲက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် RAF Fairford အမည်ရှိ ဗြိတိန်လေတပ်စခန်းကို ပစ်မှတ်ထား သည့် ကြံစည်မှုကို ဟန့်တားနိုင်ခဲ့ပြီး အဆိုပါစခန်းမှ အမေရိကန်၏ တာဝေးသွား ဗုံးကြဲလေယာဉ်များကို ရွှေ့ပြောင်းခဲ့ရသည်။
အီရန်၏ စေခိုင်းမှုဖြင့် ဥရောပတစ်ဝန်းရှိ ဂျူးအသိုင်းအဝိုင်းများနှင့် အခြားနေရာများကို ပစ်မှတ် ထား၍ မီးရှို့မှုများနှင့် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။ရန်လိုသော နိုင်ငံခြားအစိုးရများထံမှ ခြိမ်းခြောက်မှုများသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအ တွင်း ၄ ဆအထိ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် စစ်အေးကာလထက်ပင် လုပ်ငန်းဆောင်ရွက်မှု အရင်းအ မြစ်များကို ပိုမို အသုံးပြုနေရသည်။
ရန်လိုသော နိုင်ငံခြား အင်အားစုများအနက် ရုရှားနိုင်ငံသည် အဓိက ရန်စကျူးလွန်သူအဖြစ် ဆက်လက် တည်ရှိနေပြီး ဗြိတိန်နှင့် မဟာမိတ်များအပေါ် ဘက်ပေါင်းစုံ စစ်ပွဲဆင်နွှဲမှုများကို တိုးမြှင့်လုပ် ဆောင်နေသည်ဟု ဆိုသည်။ရုရှား၏ ယခုကဲ့သို့ ရန်လိုသော လုပ်ရပ်များသည် ယူကရိန်း စစ်မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် တိုက်ရိုက် ဆက်နွှယ်နေကြောင်းလည်း ကင်မက်ကလမ်က သုံးသပ်ထားသည်။
သုတေသနပြုချက်များအရ အတုပြုလုပ်ထားသော ဉာဏ်ရည်တု (AI) နည်းပညာ၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုသည် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြိုင်ဆိုင်မှုများကို ပိုမို ပြင်းထန်လာစေကြောင်း သိရ သည်။AI နည်းပညာကို အသုံးပြု၍ ဝါဒဖြန့်ချိခြင်းများနှင့် အစွန်းရောက်မှုများ ပြုလုပ်နိုင်သကဲ့သို့ ဇီဝ လက်နက်များ ထုတ်လုပ်ရာတွင်လည်း အသုံးပြုလာနိုင်သည့် စိုးရိမ်ရသည့် အခြေအနေများ ရှိနေသည်။
News & Photo: CBS News




Comments