top of page
Logo-Icon.png

အီရန်အား တရုတ်နှင့် ရုရှားတို့ ကူညီနေသည်ဟု မယုံကြည်ကြောင်း ဒေါ်နယ်ထရမ့် ဆို

2 days ago
1 min read

အောက်တိုဘာ ၁၃၊ Horizons



တရုတ်နှင့် ရုရှားနိုင်ငံတို့u အီရန်အား ကူညီပေးနေသည်ဟု မိမိအနေဖြင့် မယုံကြည်ကြောင်း၊ ယင်းသို့ ပြုလုပ်ပါက နှစ်နိုင်ငံစလုံးအတွက် ဆုံးရှုံးမှု များပြားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။


ပေကျင်းနှင့် မော်စကိုတို့သည် အီရန်အား ကူညီပေးနေသည်ဟူသော ပြောဆိုချက်များအပေါ် ဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်၌ ယခုလို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။


“အကယ်၍ တရုတ်နဲ့ရုရှားက အီရန်ကို ကူညီပါက အလွန်နိမ့်ပါးသော အဆင့်၌သာ ဖြစ်မှာဖြစ်ပြီး လုံးဝ ကူညီနေခြင်း မရှိဘူးလို့ ယုံကြည်ပါတယ်” ဟု သူက ရေးသားခဲ့သည်။


၎င်းတို့အနေဖြင့် ဆုံးရှုံးစရာများလွန်းပြီး အကယ်၍ ကူညီခဲ့ပါက အမေရိကန်မှ အလွန် လျှင်မြန်စွာ သိရှိသွားမည်ဟု ၎င်းက ဆက်ပြောသည်။ယခု ပြောကြားချက်များသည် လွန်ခဲ့သည့် ဇူလိုင်လအတွင်း ဒေါ်နယ်ထရမ့် ရေးသားခဲ့သော လူမှုကွန်ရက်ပို့စ်နှင့် သဘောတရားချင်း တူညီလျက်ရှိသည်။


ပြီးခဲ့သည့် မေလအတွင်း တရုတ်နိုင်ငံ၌ ပြုလုပ်ခဲ့သော တွေ့ဆုံမှုတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အီရန်ထံ မည်သည့် အခြေအနေမျိုး၌မဆို လက်နက်များ ရောင်းချမည် မဟုတ်ကြောင်း ကတိပြုခဲ့သည်ဟု ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်ထံ လက်နက် ရောင်းချမည်မဟုတ်ကြောင်း မိမိအား ပြော ကြားခဲ့သည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။


ပြီးခဲ့သည့် မေလအတွင်း အမေရိကန်အစိုးရသည် အီရန်၏ စစ်ဘက်ဆိုင်ရာ ဝယ်ယူရေးကွန်ရက် ကို ကူညီခဲ့သည်ဟု စွပ်စွဲချက်ဖြင့် တရုတ်ကုမ္ပဏီအချို့ကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။တရုတ်အစိုးရက အီရန်စစ်တပ်အား တရုတ် အဖွဲ့အစည်းများက ကူညီခဲ့သည်ဟူသော စွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည်။


အမေရိကန်နှင့် အစ္စရေးတို့သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အီရန်အပေါ် စစ်ပွဲ စ တင်ဆင်နွှဲခဲ့သဖြင့် အီရန်က ဒုံးကျည်များဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။အဆိုပါစစ်ပွဲကြောင့် ကမ္ဘာ့ စွမ်းအင် ပို့ဆောင်ရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြား မှာလည်း ပိတ်ဆို့သွားခဲ့သည်။


ပါကစ္စတန်နှင့် ကာတာနိုင်ငံတို့၏ ညှိနှိုင်းမှုဖြင့် အမေရိကန်နှင့် အီရန်တို့ကြား ဇွန်လအတွင်း နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သော်လည်း ရေလက်ကြားအတွင်း သင်္ဘော သွားလာရေးဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့် ဆွေးနွေးပွဲများ ရပ်ဆိုင်းနေဆဲဖြစ်သည်။


News & Photo: Anadolu Agency


Comments


bottom of page