top of page
Logo-Icon.png

အနှီးမကျွတ်သေးတဲ့ကလေးကိုပါ "ပေါ်တာ"ဆွဲမဲ့ ဘီလူးများ


တိုက်ပွဲတိုင်းမှာ အသေအပျောက်ကများ၊ အလံဖြူထောင်သူကထောင်၊ ထွက်ပြေးသူကပြေးနဲ့ ရှေ့တန်းမှာ လူလုံးဝမရှိတော့တဲ့ အဆုံး... အဘတို့ရဲ့ "ပေါ်တာ" ဆိုတဲ့ ဘီလူးလက်မည်းကြီးက ရပ်ကွက်ထဲက လူငယ်တွေ၊ လူကြီးတွေတင် မကတော့ဘဲ အနှီးတောင် မကျွတ်သေးတဲ့ မွေးကင်းစ ကလေးငယ်လေးကိုပါ လည်ပင်းကနေကောက်ညှစ်ပြီး ပေါ်တာဆွဲတဲ့အထိ အောက်တန်းကျသွားပါပြီ။


စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။ ကလေးလေးခမျာ လောကကြီးထဲရောက်ရောက်ချင်း နို့ဆာလို့ "အူဝဲ" ဆိုပြီး အော်ငိုလိုက်တာလေးကိုတောင်... အဲဒီဖက်ဆစ်ကောင်တွေက "ဟေ့ကောင်တွေ... ဒီကောင်လေး အသံပါဝါကောင်းတယ်၊ စိတ်ဓာတ်တက်ကြွနေတယ်၊ ကားပေါ်တင်ပြီး ရှေ့တန်းပို့" ဆိုပြီး ရက်ရက်စက်စက်လုပ်မယ့်အကောင်တွေလေ။


သူတို့ အာဏာတည်မြဲဖို့၊ သူတို့ သက်ဆိုးရှည်ဖို့အတွက်ဆိုရင် ခြေတံလက်တံ သေးသေးလေးနဲ့ မွေးကင်းစ အရွယ်လေးကိုတောင် ချမ်းသာမပေးဘဲ သွေးအေးအေးနဲ့ လူသားဒိုင်းလုပ်ဖို့ အတင်းအဓမ္မ ဆွဲငင်နေကြတာပါ။ ဒါဟာ အသက်ရှူနေတဲ့ သက်ရှိမှန်သမျှကို မဲမဲမြင်ရာ လိုက်ဆွဲနေတဲ့ အောက်ဆုံးအဆင့်ထိ ရောက်နေပြီဖြစ်တဲ့ မအလ တပ်ပျက်ကြီးရဲ့ ယုတ်မာကောက်ကျစ်မှုပဲ ဖြစ်ပါတော့တယ်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page