top of page
Logo-Icon.png

အဘတို့ရဲ့ "ပြည်သူ့လည်ပင်း ညှစ်ပွဲ"


"နိုင်ငံတကာက ပိတ်ဆို့လည်း ဂရုမစိုက်ဘူး... ကိုယ့်ဘာသာ ရပ်တည်မယ်"


တီဗီထဲကနေ အဘတွေလေလုံးထွားလိုက်တာကြားရတော့ တကယ့်ကို ဇာတိမာန် တက်စရာကြီးပါ။ ဒါပေမဲ့ မြေပြင်က အမှန်တရားကျတော့ ကာတွန်းထဲကလို တစ်လွဲကြီးဗျ။ အဘတို့ရဲ့ "ကိုယ့်ဘာသာ ရပ်တည်မယ်" ဆိုတာက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တာ မဟုတ်ဘူး... ကုတင်ပေါ် လဲနေတဲ့ ပြည်သူတွေရဲ့ လည်ပင်းပေါ် တက်ရပ်တာကို ပြောတာလေ။


နိုင်ငံတကာက အကူအညီတွေ ဖြတ်၊ နိုင်ငံခြားဘဏ်စာရင်းတွေ ပိတ်ဆို့ခံရတော့ သူတို့ယန္တရားကြီး လည်ပတ်ဖို့ ငွေလိုလာပြီ။ဒီတော့ ဘာလုပ်လဲ... အသက်ငင်နေတဲ့ ပြည်သူ့လည်ပင်းကို အသေအလဲ ညှစ်ပြီး "ဒီကပဲ နှိုက်တာပေါ့" ဆိုပြီး ခပ်တည်တည်နဲ့ အိတ်ကပ်ထဲ နှိုက်တော့တာပါပဲ။


ပြည်တွင်းက ငတ်ပြတ်နေတဲ့ ပြည်သူဆီကနေ အခွန်တွေ အမျိုးမျိုး တိုးကောက်တယ်။နိုင်ငံခြားထွက်ပြီး ကျွန်ခံနေရတဲ့ လူငယ်တွေဆီကနေလည်း ဝင်ငွေခွန်ဆိုပြီး အဓမ္မခြိမ်းခြောက်ညှစ်ယူတယ်။မီတာခတွေ၊ ပတ်စ်ပို့ခတွေ ကနေစလို့ နေရာတကာမှာ ပြည်သူဆိုတာ သူတို့အတွက် အခမဲ့ သွေးစုပ်စရာ "အသက်ရှူနေတဲ့ ATM စက်" လို ဖြစ်နေပါပြီ။


အပြင်က ကမ္ဘာကြီးကိုကျ ပြန်မဟောင်ရဲဘဲ အိမ်ထဲက ကိုယ့်ပြည်သူကိုကျမှ လည်ပင်းကို အားရပါးရညှစ်ပြီး အသက်ဆက်နေရတဲ့ ခေတ်သစ်သွေးစုပ်ဖုတ်ကောင်တွေရဲ့ အောက်တန်းအကျဆုံး နိုင်ငံရေးဖြစ်လာပါတော့တယ်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page