အမေရိကန် ရွေးကောက်ပွဲ မတိုင်မီ ရေနံဈေးနှုန်း တိုးမြှင့်ရန် ဟူသီအဖွဲ့ ကြိုးပမ်းနေဟု ဒေါ်နယ်ထရမ့် စွပ်စွဲ
အောက်တိုဘာ ၁၄၊ Horizons

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲများ မတိုင်မီ စွမ်းအင်ဈေးနှုန်း မြင့်တက်လာစေရန် ယီ မင်နိုင်ငံရှိ ဟူသီသူပုန်အဖွဲ့က ဆော်ဒီအာရေဗျ အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများ အရှိန် မြှင့်လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
ဟူသီအဖွဲ့သည် အလွန်ဆိုးရွားစွာ ပြုမူနေပြီး နိုဝင်ဘာလ ရွေးကောက်ပွဲများ အပြီးတွင် အရှေ့အ လယ်ပိုင်း၌ အမေရိကန် စစ်ရေးတိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာမည်ဟု ဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင် သတိပေးခဲ့သည်။
ဟူသီအဖွဲ့သည် အချိန်အတန်ကြာ ငြိမ်သက်နေခဲ့ရာမှ ယခုအခါ ပြန်လည်ပေါ်ထွက်လာပြီး ဆော် ဒီအာရေဗျကို ပစ်မှတ်ထားကာ ရေနံဈေးနှုန်းများကို တမင်တကာ မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း ဒေါ် နယ်ထရမ့် ၎င်း၏ ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

ယင်းကဲ့သို့ လုပ်ဆောင်မှုများ၏ နောက်ကွယ်တွင် ငွေကြေးဖောင်းပွမှု အဆမတန် မြင့်တက်နေ သည့် အီရန်နိုင်ငံ၏ စေခိုင်းမှုများ ပါဝင်နိုင်ခြေရှိကြောင်း သူက စွပ်စွဲခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အစ္စရေးနှင့် ပူးပေါင်းကာ အီရန်နိုင်ငံအပေါ် စစ်ပွဲဆင်နွှဲခဲ့သည့် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး အမေရိကန်တွင် လူနေမှု စရိတ်နှင့်ပတ်သက်၍ ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။
သက်တမ်းဝက် ရွေးကောက်ပွဲများတွင် ရီပက်ဘလီကင် ပါတီအနေဖြင့် လွှတ်တော်နှစ်ရပ်စလုံး၌ အများစုနေရာများကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်း ရှိ မရှိ မဲဆန္ဒရှင်များက ဆုံးဖြတ်မည်ဖြစ်သည်။
ဒီမိုကရက်တစ် ပါတီဝင်များကမူ ဒေါ်နယ်ထရမ့်အပေါ် လူကြိုက်များမှု ကျဆင်းနေခြင်းနှင့် အီရန် စစ်ပွဲကြောင့် ကုန်ကျစရိတ် မြင့်တက်လာမှုအပေါ် မကျေနပ်ချက်များကို အသုံးချကာ ကွန်ဂရက် ထိန်း ချုပ်မှုကို ရယူရန် မျှော်လင့်နေကြသည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ ရိယာဒ်လေဆိပ် တိုက်ခိုက်ခံရပြီးနောက် ဟူသီတို့အပေါ် ဆော်ဒီ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ရွေးကောက်ပွဲအပြီးတွင် အဆိုပါ အခြေ အနေများကို လုံးဝ မေ့မည်မဟုတ်ကြောင်း ပြောကြားသည်။ဟူသီများအနေဖြင့် စစ်ပွဲတွင် အမေရိကန်နိုင်ငံက အနိုင်ရရှိပြီးဖြစ်သည်ကို နားလည်သင့်ပြီး ရွေး ကောက်ပွဲအပြီးတွင် အပြည့်အဝ တုံ့ပြန်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သော လူထုစစ်တမ်းများအရ အီရန်နှင့်စစ်ပွဲသည် တိုက်ခိုက်ရမည့် တန်ဖိုး မရှိကြောင်း မဲဆန္ဒရှင် ၇၀ ရာခိုင်နှုန်းနီးပါးက ယူဆထားကြသည်။ဒေါ်နယ်ထရမ့်ကမူ လူထုစစ်တမ်း ရလဒ်များကို လျစ်လျူရှုခဲ့ပြီး နိုင်ငံရေး လူထုစုဝေးပွဲများသို့ တက်ရောက်လာကြသည့် လူအုပ်ကြီးက ၎င်းအပေါ် လူကြိုက်များမှုကို သက်သေပြနေကြောင်း တုံ့ပြန်ခဲ့ သည်။
News & Photo: Al Jazeera / Reuters




Comments