top of page
Logo-Icon.png

အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွင် ရီပက်ဘလီကင်ပါတီ အနိုင်ရရေး အီလွန်မတ်စ် ဒေါ်လာ သန်းရာချီ လှူဒါန်း

2 days ago
1 min read

အောက်တိုဘာ ၁၄၊ Horizons



အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲများတွင် ရီပက်ဘလီကင် ကိုယ်စားလှယ်များ ကွန်ဂ ရက် ထိန်းချုပ်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ရန် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ်သည် အမေရိကန် ဒေါ်လာ ၂၇၆ သန်းကျော် အသုံးပြုခဲ့ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြလိုက်သည်။


အဆိုပါ ငွေကြေးပမာဏသည် အမေရိကန် သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော နိုင်ငံရေး လှူဒါန်းမှုများအနက် တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၎င်း၏ စုစုပေါင်း ရွေးကောက်ပွဲ သုံးစွဲငွေမှာ ဒေါ်လာ ၃၆၆ သန်းအထိ ရှိလာခဲ့သည်။


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရီပက်ဘလီကင်များ အာဏာရရှိရေးအတွက် အီလွန်မတ်စ် သည် ပြီးခဲ့သည့် ရွေးကောက်ပွဲ ကာလကလည်း ဒေါ်လာ ၂၉၀ သန်းအထိ သုံးစွဲခဲ့ဖူးကြောင်း သိရသည်။



လက်ရှိအခြေအနေတွင် ဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ချက်များအပေါ် မကျေနပ်မှုများ၊ ငွေကြေး ဖောင်းပွမှုနှင့် အီရန် ပဋိပက္ခတို့ကြောင့် ရီပက်ဘလီကင်ပါတီအနေဖြင့် အဓိက ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရ ဖွယ်ရှိကြောင်း Associated Press က ဖော်ပြခဲ့သည်။


ဒီမိုကရက်တစ် ပါတီနှင့်ယှဉ်လျှင် ဘဏ္ဍာရေး အသာစီးရရှိနေခြင်းက ရီပက်ဘလီကင်တို့အတွက် တစ်ခုတည်းသော အားရစရာ အချက်တစ်ရပ် ဖြစ်နေဆဲပင် ဖြစ်သည်။


နယူးယောက်တိုင်းမ်စ် သတင်းစာ၏ ဖော်ပြချက်အရ အဆိုပါငွေကြေး၏ တစ်ဝက်ကျော်ကို ရီပက် ဘလီကင် ဆီးနိတ် ကိုယ်စားလှယ်များကို ပံ့ပိုးပေးနေသည့် Super PAC အဖွဲ့ကြီးဆီသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။


အီလွန်မတ်စ်၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ ကိန်းဂဏန်းများကို အတည်ပြုပေးခဲ့ပြီး အဆိုပါ ရန်ပုံငွေများဖြင့် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ မဲဆန္ဒနယ်များတွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။


အာကာသလုပ်ငန်း SpaceX ၏ အစိုးရစာချုပ်များ၊ ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက် ၍ ဒီမိုကရက်တစ်အမတ်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားချိန်တွင် အီလွန်မတ်စ်၏ ယခုကဲ့သို့ ကြီးမားသည့် ထောက်ပံ့မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။


ရွေးကောက်ပွဲ ကာလအတွင်း ပါတီနှစ်ရပ်ကြား ငွေကြေးသုံးစွဲမှု အပြိုင်အဆိုင် မြင့်တက်လာခြင်း နှင့်အတူ ကွန်ဂရက်၏ အပြောင်းအလဲ မည်သို့ဖြစ်လာမည်ကို နိုင်ငံရေး လေ့လာသူများက အထူး စောင့် ကြည့်နေကြသည်။


News & Photo: The New York Times/NHK World



Comments


bottom of page