top of page
Logo-Icon.png

“အသုံးမကျခြင်းများစွာနဲ့"

4 days ago
1 min read

နေပြည်တော်က အာဏာရူးအဘတွေ တိုင်းပြည်ကို မတရားလုယူပြီးကတည်းက တိုင်းပြည်မှာရှိသမျှအရာအားလုံးဟာ စောက်သုံးမကျတဲ့အနေအထားကို ဆိုက်ရောက်သွားပြီ ဆိုတာကို ဒီကာတွန်းလေးက မီးမောင်းထိုးပြလိုက်တာပါပဲ။


ကာတွန်းထဲက လူငယ်လေးက ခေတ်ပျက်ကြီးရဲ့ အခါးသီးဆုံးအမှန်တရားသုံးခုကို ဆင့်ကဲ ဖော်ထုတ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့ "အသုံးမခံတာက ငွေကြေး" တဲ့။အဘတို့ရဲ့ စီမံခန့်ခွဲမှု အလွဲတွေ၊ တစ်ရက်တစ်မျိုး ထုတ်နေတဲ့အမိန့်တွေကြောင့် မြန်မာငွေကြေးဟာ စက္ကူစုတ်လိုဖြစ်သွားပြီး ကုန်ဈေးနှုန်းတွေ အဆမတန်တက်ကာ ပြည်သူတွေလက်ထဲကငွေဟာ ဘာမှအသုံးမခံတော့တဲ့အနေအထားကို ထောက်ပြလိုက်တာပါ။


ဒုတိယအချက်ကတော့ "အသုံးမကျတာက စစ်တပ်" လို့ ခနဲ့လိုက်ပါတယ်။ပြည်သူကို သတ်ဖို့လောက်သာ အာသီသရှိပြီး တကယ့်မြေပြင်တိုက်ပွဲတွေမှာတော့ စခန်းတွေ တစ်ခုပြီးတစ်ခု အသိမ်းခံ၊ လက်နက်ချအရှုံးပေးနေရတဲ့ အဘတို့ရဲ့တပ်ပျက်ကြီးဟာ တိုင်းပြည်အတွက် လုံးဝ အသုံးမကျတဲ့ အမှိုက်အစုအဝေးကြီးဖြစ်နေပြီဆိုတာ အားလုံးအသိပါပဲ။


တတိယအချက်အနေနဲ့ကတော့ "အသုံးမဝင်တာက ဇွတ်သမ္မတ" လို့ ဖြတ်ရိုက်လိုက်ပါတယ်။ ဖွဲ့စည်းပုံကို ဗြောင်ကျကျချိုးဖောက်ပြီး ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူး အတင်းလုယူထားတဲ့ အာဏာရူးဟာ တိုင်းပြည်နဲ့ပြည်သူအတွက် ဘာတစ်ခုမှအသုံးမဝင်တဲ့ အရာတစ်ခုသာ ဖြစ်တယ်ဆိုတာကို အပီပြင်ဆုံး သရော်လိုက်တာ ဖြစ်ပါတယ်။


ဒီလို "အသုံးမခံ၊ အသုံးမကျ၊ အသုံးမဝင်" တဲ့ အဘတို့ရဲ့ သုံးပွင့်ဆိုင်အလွဲကြီးကို ဘေးက အမျိုးသမီးလေးက "ပြည်သူ့အသံ ပေါ့" လို့ ထောက်ခံလိုက်တာဟာ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ရင်တွင်းဆန္ဒကို အတိကျဆုံးကိုယ်စားပြုလိုက်တာပါပဲ။ဘာမှအသုံးမကျတော့တဲ့ အာဏာရူးစစ်အုပ်စုရဲ့ အရှက်ကွဲစရာဇာတ်သိမ်းကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page