၂၀၂၆ ရဲ့ "တိုးတက်မြင့်မားမှု" စစ်စစ်ကြီး
- Horizons News

- 2 days ago
- 1 min read

သတင်းစာတွေ၊ တီဗီတွေထဲမှာ "နိုင်ငံတော်ကြီး တိုးတက်မြင့်မားနေပါပြီ" လို့ အဘတွေ အာပေါက်မတတ် အော်နေတာ တကယ်ပါဗျာ။ပုံထဲမှာ ကြည့်လိုက်လေ... ပြည်သူတွေခမျာ မြေကြီးပေါ်မှာတောင် ခြေမချနိုင်တော့ဘဲ ကောင်းကင်ယံဆီကို တရွေ့ရွေ့နဲ့ "မြင့်မား" တက်လှမ်းနေရပြီ မဟုတ်လား။
ဒါပေမဲ့ ဘဝတွေ တိုးတက်မြင့်မားသွားတာတော့ မဟုတ်ဘူး။ "၂၀၂၆ ဒုက္ခမျိုးစုံ" ဆိုတဲ့ ပူပေါင်းကြီးနဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး အပေါ်ကိုအတင်းဆွဲတင် (ကြိုးပေး) ခံနေရတာပါ။
ကုန်ဈေးနှုန်းတွေက အာကာသထိထိုးတက်၊ မီးကပျက်၊ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာကဆွဲ၊ နေ့ခင်းကြောင်တောင် ဗုံးကကြဲနဲ့ ၂၀၂၆ ခုနှစ်ရဲ့ ဒုက္ခပူပေါင်းကြီးက အဆမတန်ဖောင်းပွပြီး လေထဲကို ထိုးတက်သွားလေလေ... ပြည်သူတွေရဲ့လည်ပင်းက ကြိုးကွင်းဟာ ပိုကျပ်ပြီး အသက်ရှူပေါက် ပိတ်လေလေပါပဲ။အခုဆို ပြည်သူတွေမှာ လျှာထွက်၊ မျက်လုံးပြူးပြီး အသက်ငင်နေရတဲ့အဆင့်ကို ရောက်နေပါပြီ။
အဘတို့ရဲ့ခေတ်ကြီးမှာ "တိုးတက်တယ်" ဆိုတာ ဒုက္ခတွေ ဆတိုးတက်လာတာကိုပြောတာဖြစ်ပြီ၊ "မြင့်မားတယ်" ဆိုတာ ပြည်သူ့လည်ပင်းကို ကြိုးကွင်းစွပ်ပြီး လေထဲဆွဲတင်သတ်တာကို ခေါ်တာပဲ ဖြစ်ပါတယ်ခင်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments