top of page
သတင်း


တောင်ကြီးမြို့ ထွေ/အုပ် ဒုညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူ ခင်ပွန်း၏ လူမှုရေးဖောက်ပြန်မှုကြောင့် မိမိကိုယ်ကို မီးရှို့ရာမှ သေဆုံး
တောင်ကြီး၊ ဇူလိုင် ၁၀ ၊ Horizons ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၏ လူမှုရေးဖောက်ပြန်မှုကိစ္စနှင့် ပတ်သက်၍ စကားများရန်ဖြစ်ပြီးနောက် ဇနီးဖြစ်သူက မိမိကိုယ်ကို မီးရှို့ခဲ့ရာမှ ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ ညပိုင်းတွင် အသက် ၅၃ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်နှင်းနှင်းစိုးနှင့် ခင်ပွန်းဖြစ်သူ ဒုညွှန်မှူး ဦးထွန်းထွန်းတို့အကြား ခင်ပွန်းဖြစ်သူက ပြင်ပတွင် အမျိုးသမီးတစ်ဦးနှင့် ဟိုတယ်၌ တည်း

Horizons News
Jul 101 min read


ပေါက်မြို့နယ်ရှိ ထောက်ရှာပင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၇ ရွာထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ
မကွေး ၊ ဇူလိုင် ၁၀ ၊ Horizons မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ထောက်ရှာပင်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းက ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။ ဖြစ်စဉ်မှာ ထောက်ရှာပင်ကျေးရွာအတွင်းသို့ ရောက်ရှိတပ်စွဲထားသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခန့်တွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြောင်းမဲ့...

Horizons News
Jul 101 min read


ဟိုင်းကြီးကျွန်း၊ မရမ်းကွင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးအသစ်နှင့် နယ်ထိန်းရဲတို့ ပူးပေါင်းကာ တရားမဝင်လုပ်ငန်းများလုပ်ကိုင်ပြီး ငွေကြေးအမြောက်အမြား ညှစ်ယူတောင်းခံနေ
ဧရာဝတီ ၊ ဇူလိုင် ၁၀ ၊ Horizons ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ခွဲ၊ မရမ်းကွင်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်နှင့် နယ်ထိန်းရဲတို့ ပူးပေါင်းကာ တရားမဝင် သစ်စက်များ၊ လောင်းကစားဝိုင်းများဖွင့်လှစ်၍ လာဘ်ငွေယူခြင်းနှင့် စစ်မှုထမ်းကင်းလွတ်ခွင့်အတွက် ငွေကြေးအဆမတန် တောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယခင်က နေပြည်တော်မှ အထူးအဖွဲ့များ လာရောက်ဖျက်ဆီးပိတ်သိမ်းခဲ့သည့် တရားမဝင်သစ်စက်များကို ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် အောင်ဇော်မိုး၊ ဦးအောင

Horizons News
Jul 101 min read


ကလေးသူငယ်များ၏ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ပိုမိုတင်းကျပ်ရန် ဥရောပသမဂ္ဂ (EU) ပြင်ဆင်နေ
ဘရပ်ဆဲလ် ၊ ဇူလိုင် ၁၀ ၊ Horizons ဥရောပသမဂ္ဂ (EU) သည် ကလေးငယ်များ၏ လူမှုကွန်ရက် (Social Media) အသုံးပြုမှုကို ပိုမိုကန့်သတ်ကာကွယ်ရန်အတွက် ဥပဒေလုပ်ထုံးလုပ်နည်းသစ်များ ပြဋ္ဌာန်းရန် နီးကပ်စွာ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ လာမည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် နည်းပညာနှင့် ကလေးသူငယ်ရေးရာ ကျွမ်းကျင်သူများထံမှ အကြံပြုချက်များကို ရယူသွားမည်ဖြစ်ပြီး ယင်းအပေါ်အခြေခံ၍ လာမည့် စက်တင်ဘာလအတွင်း အပြီးသတ် တရားဝင်ဆုံးဖြတ်ချက်များ ချမှတ်သွားဖွယ်ရှိကြောင်း သိရှိရသည်။ EU အနေဖြင့် ဆိုရှယ်မီဒီယ

Horizons News
Jul 101 min read


အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ကိုယ်တိုင် အကာအကွယ်ပေးနေသည့် စစ်ကောင်စီက DKBA ကို ကျားဖြန့်ကိစ္စ မပတ်သက်ရန် ဟန်ပြတိုက်တွန်း
နေပြည်တော် ၊ ဇူလိုင် ၁၀ ၊ Horizons အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် အကာအကွယ်ပေး လုပ်ကိုင်နေသည့် အကြမ်းဖက် စစ်ကောင်စီသည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အား အဆိုပါလုပ်ငန်းများတွင် မပတ်သက်ရန် နေပြည်တော်၌ ခေါ်ယူကာ ဟန်ပြ သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် DKBA စစ်ဦးစီး

Horizons News
Jul 101 min read


မြဝတီမြို့တွင် ရပ်ဝေးမှလာရောက်သည့် ရွှေ့ပြောင်းလုပ်သားလူငယ်များကို ပစ်မှတ်ထား၍ စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးနေ
မြဝတီ ၊ ဇူလိုင် ၁၀ ၊ Horizons ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အခြားဒေသများမှ လာရောက်အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သား လူငယ်များကို ပစ်မှတ်ထားကာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ မြဝတီမြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ညစဉ်ညတိုင်း ကင်းလှည့်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ဒေသခံမဟုတ်သူများနှင့် မသင်္ကာသူ လူငယ်များကို အဓိကထား စစ်ဆေးနေ

Horizons News
Jul 101 min read


နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ကြားခံအဖွဲ့အစည်းများ ဝင်စွက်ရန်မလိုဘဲ လုံခြုံရေးတိုးမြှင့်၍ ပြန်လည်ထိန်းချုပ်ရန် မင်းအောင်လှိုင် အမိန့်ပေး
နေပြည်တော် ၊ ဇူလိုင် ၁၀ ၊ Horizons မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်များနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ နှစ်နိုင်ငံအစိုးရများ အချင်းချင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်ကြားခံအဖွဲ့အစည်း၊ မည်သည့်နိုင်ငံကမျှ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မဟာဗျူဟာအရ အရေးပါသည့် လမ်းကြောင်းများနှင့် နယ်စပ်မြို့များကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ကြရန်လည်း ၎င်းက အမိန့်ပေး ညွှန်ကြားလာပါတယ်။

Horizons News
Jul 101 min read


အမ်ဘာပေနှင့် ဒမ်ဘီလီတို့၏ သွင်းဂိုးများဖြင့် မော်ရိုကိုကို အနိုင်ယူကာ ပြင်သစ်အသင်း ဆီမီးဖိုင်နယ်သို့ တက်လှမ်း
ဇူလိုင် ၁၀ ၊ Horizons ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် ရေပန်းစားနေသည့် ပြင်သစ်အသင်းနှင့် မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ သက်သောင့်သက်သာ တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ယင်းပွဲစဉ်တွင် ပြင်သစ်အသင်းအတွက် အနိုင်ဂိုးများကို ဒုတိယပိုင်း၌ ဆက်တိုက်ဆိုသလို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၆၀ ပြည့်မြောက်သည့် အချိန်တွင် အသင်း၏ အဓိက တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ပြင်သစ်အသင်းအတွက် အဖွင့်ဦးဆောင

Horizons News
Jul 101 min read


အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် ဒရုန်း ဗုံးကျလို့ အမျိုးသားနှစ်ဦး သေဆုံး
စစ်ကိုင်း၊ ဇူလိုင် ၉ ၊ Horiozns စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ ကမ်းနီရွာမှာ အကြမ်းဖက်စစ်တပ် ဒရုန်း ဗုံးကြောင့် အရပ်သားနှစ်ဦးက သေဆုံးခဲ့တယ်လို့ Indaw Revolution – IR က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှာ ကမ်းနီရွာ၊ လယ်တောထဲက လယ်လုပ်နေတဲ့အမျိုးသားနှစ်ဦးအနီးကို အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းဗုံးသီးတစ်လုံးက ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် သားအဖနှစ်ဦးဖြစ်တဲ့ ဦးဂျာ(၇၀နှစ်) နဲ့ သားဖြစ်သူ ဦးနေအောင်(၄၀နှစ်) တို့က နေရ

Horizons News
Jul 91 min read


သမိုင်းလမ်းဆုံရှိ စစ်ကောင်စီဘန်ကာတွင် ဖုန်းစစ်ဆေးပြီး ငွေကျပ် ၅ သောင်း ညှစ်ယူကာ အမျိုးသမီးငယ်များကိုပါ စော်ကားနေ
ရန်ကုန် ၊ ဇူလိုင် ၉ ၊ Horizons ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် လုံခြုံရေးအကြောင်းပြ ချထားသည့် စစ်ကောင်စီ ဘန်ကာစောင့် စစ်သားများသည် လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းများကို အကြောင်းမဲ့ တားဆီးစစ်ဆေးကာ ငွေကြေးအဓမ္မ တောင်းခံခြင်းနှင့် အမျိုးသမီးငယ်များကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက သမိုင်းလမ်းဆုံရှိ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လမ်းသွားလမ်းလာများကို တားဆီး

Horizons News
Jul 91 min read


အာရက္ခပြည်တွင် အမြင့်ဆုံးစံချိန်တင် ရက်ရှည်ရေကြီးမှု ဖြစ်ပွားနိုင်ကြောင်း GloFAS သတိပေး
စစ်တွေ ၊ ဇူလိုင် ၉ ၊ Horizons မိုးရက်ဆက် ပြင်းထန်စွာ ရွာသွန်းနေသည့် အာရက္ခပြည်တွင် လာမည့်ရက်ပိုင်းအတွင်း မိုးပိုမိုကြီးလာနိုင်ပြီး မြစ်ရေမြင့်တက်မှုများနှင့်အတူ အမြင့်ဆုံးအဆင့်ရှိ ရက်ရှည်ရေကြီးရေလျှံမှုများ ကြုံတွေ့ရနိုင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု ကြိုတင်သတိပေးစနစ် (GloFAS) က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။ လတ်တလောတွင် အာရက္ခဒေသအချို့၌ မိုးကြီးမှုကြောင့် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားနေပြီး လာမည့် ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ အဆိုပါ ရေကြီးမှုအခြေအနေသည် စိုးရိမ်ရ

Horizons News
Jul 91 min read


ထိုးစစ်ဆင်လာသည့် စစ်ကောင်စီကွန်မန်ဒိုများကို KNLA ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာပြီး နောက်ဆုတ်
မြဝတီ ၊ ဇူလိုင် ၉ ၊ Horizons ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်း စစ်မြေပြင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယနေ့ (ဇူလိုင် ၉ ရက်) နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ပြင်းထန်စွာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာကာ နောက်ပြန်ဆုတ်သွားခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်က လေးကေကော်မြို့ အနောက်ဘက်ရှိ ရပ်တော်မူဘုရားကုန်း ကျောက်တောင်ကြောတွင် ရှေ့တိုးလာသည့် စစ်ကောင်စီ၏ ကွန်မန်ဒိုစစ်ကြောင်းကိ

Horizons News
Jul 91 min read


မင်းလက်ပံတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင် ငါးဆယ်နီးပါး သေဆုံး
ကရင်၊ ဇူလိုင် ၉ ၊ Horizons ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်ငါးဆယ်နီးပါး သေဆုံးတယ်လို့ စစ်ရေးသတင်းရင်းမြစ်အပြောအရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်က အင်အားတစ်ထောင်ကျော်လောက်နဲ့ မင်းလက်ပံကျေးရွာကို ပြီးခဲ့တဲ့ဇူလိုင် ၇ ရက်နေ့မှာ ထိုးစစ်လာပြီး တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ စစ်ရေးသတင်းရင်းမြစ်က “စစ်တပ်က လေးဆယ်ကျော်လောက် သေတယ်၊ ငါးဆယ်လောက် ဒဏ်ရာ ရထားတယ်။ အရာရှိဆယ်ဦးလောက်လည်း ထိထားတယ်” လို့ ပြောပါတယ်။ အကြမ်းဖက်စစ်တပ်က ဆုံံးရှုံးထားတဲ့

Horizons News
Jul 91 min read


ကချင်စစ်ဘေးရှောင်များအတွက် အမေရိကန်တွင် ကျင်းပသည့် Kagabuland ဂီတရန်ပုံငွေပွဲ အောင်မြင်စွာ ပြီးစီး
တက္ကဆက် ၊ ဇူလိုင် ၉ ၊ Horizons ကချင်ပြည်နယ်ရှိ စစ်ဘေးဒဏ်ခံနေရသည့် စစ်ဘေးရှောင်ပြည်သူများကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ အမေရိကန်နိုင်ငံ၊ တက္ကဆက် (Texas) ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က ကျင်းပခဲ့သော Kagabuland ဂီတရန်ပုံငွေပွဲကြီး အောင်မြင်စွာ ပြီးစီးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေဖျော်ဖြေပွဲတွင် အဆိုတော် လင်းလင်း၊ ချစ်သုဝေ၊ ခါရာ၊ Mark Jason တို့နှင့်အတူ အခြားတေးသံရှင်များစွာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး တော်လှန်သံချပ်များနှင့် ရောင်နီတေးဂီတ အစီ

Horizons News
Jul 91 min read


မြိတ်-ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရ
ထားဝယ် ၊ ဇူလိုင် ၉ ၊ Horizons ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်သော မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့သဖြင့် ကျောင်းထိုင်သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကစယ်ဒိုမြို့နယ်၊ ဝင်းဝကျေးရွာ၌ အခြေစိုက် တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြ

Horizons News
Jul 91 min read


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် မြေပြိုကျမှုဖြစ်ပွားကာ ကျောင်းသား ၃၀ ခန့် ပိတ်မိနေနိုင်
ကော့ဘဇား ၊ ဇူလိုင် ၉ ၊ Horizons ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြေပြိုမှုများကြောင့် ဒုက္ခသည်များအနေဖြင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး၊ ယမန်နေ့ (ဇူလိုင် ၈ ရက်) တွင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းအမှတ် (၅)၊ ဆပ်ဘလောက် A-3 ရှိ မဒရာဆာ (Madrassa) ဘာသာရေးကျောင်း တစ်ကျောင်းပေါ်သို့ မြေပြိုကျမှု အကြီးအကျယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒေသတွင်း သတင်းရင်းမြစ်များ၏ ကနဦး ဖော်ပြချက်များအရ အဆိုပါ မြေပြိုမှု ဖြစ်ပွားချိန်

Horizons News
Jul 91 min read


အကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် စဉ့်ကူးမြို့နယ်က ပြည်သူတွေ ထိခိုက်ဒဏ်ရာရ
မန္တလေး၊ ဇူလိုင် ၉၊ Horizons မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်လို့ အရပ်သားပြည်သူ တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ Wetlet Informational Network က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့နေလယ် ၁၁ နာရီမှာ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ၊ ပန်းကမ္ဘာဆိုင်အနီးမှာ အကြမ်းဖက်စစ်တပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပစ်ခတ်မှုက ဆင်သေရွာအနောက်ဘက်နဲ့ ရွာတော်ရွာအရှေ့မြောက်ဘက်ကို ကျတယ်လို့ Wetlet Information Network က Horizons News ကို အသိပ

Horizons News
Jul 91 min read


မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ဒုတိယပညာသင်ကာလအတွက် ကျောင်းတက်ရမည့်ရက်နှင့် စာသင်ကြားရေးဆိုင်ရာများ ထုတ်ပြန်ကြေညာ
ရန်ကုန် ၊ ဇူလိုင် ၉ ၊ Horizons မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ၏ သင်တန်းရေးရာဌာန (ကျောင်းသားရေးရာဌာနခွဲ) က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဒုတိယပညာသင်ကာလ (Second Semester) အတွက် ကျောင်းအပ်နှံထားသော ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရမည့် ကာလနှင့် စာသင်ကြားရေးဆိုင်ရာ အသေးစိတ် အချက်အလက်များကို ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်အရ Myanmar Education System (MES) တွင် ကျောင်းအပ်နှံခြင်း လုပ်ငန်းစဉ် ပြီးမြောက်ခဲ့သူများသည် Learning Management System (LMS) Moodle ပေါ်ရ

Horizons News
Jul 91 min read


ပြင်သစ်သမ္မတ၏ သဝဏ်လွှာနှင့် ရပ်တည်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကျေးဇူးတင်ကြောင်း ထုတ်ပြန်
ရန်ကုန် ၊ ဇူလိုင် ၉ ၊ Horizons နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုထံ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က သဝဏ်လွှာပေးပို့ခဲ့ပြီး မြန်မာပြည်သူများအပေါ် ပြင်သစ်နိုင်ငံ၏ ခိုင်မာသော ရပ်တည်ချက်နှင့် အားပေးထောက်ခံမှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ယနေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။ ပြင်သစ်သမ္မတအနေဖြင့် ၎င်းတို့မိသားစု၏ စိုးရိမ်ပူပန်မှုများကို နားလည်ပေးကာ Proof of Life (အသက်ရှင်လျက်ရှိကြောင်း သက်သ

Horizons News
Jul 91 min read


မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံကျေးရွာ ၁၂ ရွာနီးပါး စစ်ဘေးရှောင်နေရ
စစ်ကိုင်း၊ ဇူလိုင် ၉ ၊ Horizons စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံကျေးရွာတွေက စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။ မနေ့ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က လက်ပံကျင်းကျေးရွာက ပြည်သူနေအိမ်တွေဆီကနေ ပစ္စည်းတွေ ခိုးယူခဲ့ကြပါတယ်။ ဒေသခံတစ်ဦးက “ဂွေးပင်တောကနေပြီးတော့ စကစနဲ့ပေါင်းပြီး ထွက်လာတာ။ ပွိုင့်ဖိုက်ကားတစ်စီး ရှိတယ်။ ခန့်မှန်းအင်အား သုံးရာလောက်ရှိတယ်” လို့ ပြောပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ခြောက်ဘီးကားကိုး

Horizons News
Jul 91 min read
bottom of page