top of page
ပြည်တွင်းသတင်း
ပြည်တွင်းသတင်းများဦ ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော အခြေအနေများကို အမှန်ကန်ဆုံးတင်ဆက်ပေးနေသည်။


တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် အချိန်မကျသေးကြောင်းနှင့် မြန်မာ့အရေးကို မြန်မာတို့သာ ဦးဆောင်ရမည်ဖြစ်ကြောင်း SCEF ထုတ်ပြန်
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် အခြေအနေမပေးသေးကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မာနိုင်ငံသားများကသာ ဦးဆောင်ရမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်သော

Horizons News
3 days ago1 min read


မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို မီးရှို့ပြီး ပြည်သူတွေကို သတ်ဖြတ်
မကွေး၊ ဇူလိုင် ၁၅ ၊ Horizons မကွေးတိုင်း၊ မြိုင်မြိုန့ယ်ကို စစ်ကြောင်း ထိုးနေတဲ့အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို မီးရှို့ပြီး ပြည်သူတွေကို သတ်ဖြတ်သလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုုပ်နေတယ်လို့ မြိုင်ဒေါင်းမင်းသတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က အကြမ်းဖက်စစ်တပ်က ကံနက်ကျေးရွာ နဲ့ လက်ခုတ်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ တာဖြစ်ပါတယ်။ အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းက လက်ခုတ်ပင်ကျေးရွာနေ ကိုင်းတောမကျေးရွာကို ဇူလိုင် ၁၄ ရောက်ရှိလာပြီး ပေါက်မြို့နယ်အရှေ့ပို

Horizons News
3 days ago1 min read


ရမ်းဗြဲ-မအီ-တောင်ကုတ် လမ်းပေါ်ရှိ မင်းကြောင်းတံတားကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
ရမ်းဗြဲ ၊ ဇူလိုင် ၁၅ ၊ Horizons ရခိုင်ပြည်နယ်၊ ရမ်းဗြဲ-မအီ-တောင်ကုတ် အဝေးပြေးကားလမ်းမပေါ်ရှိ အရေးပါသော မင်းကြောင်းတံတားကို ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်) ညနေ ၃ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ သံဇစ်မြစ်အတွင်း ရပ်တန့်ထားသော စစ်သင်္ဘောပေါ်မှ ထွက်ခွာလာသော ဂျိုင်ရိုကော်ပတာ (Gyrocopter) (၂) စီးဖြင့် ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မင်းကြောင်းတံတားကို ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့်...

Horizons News
3 days ago1 min read


စစ်မှုထမ်းအပတ်စဉ် (၂၇) အတွက် မုံရွာတွင် အဓမ္မပေါ်တာဆွဲမှု ဆိုးရွားလာ၊ လူငယ်နှင့် လူလတ်ပိုင်း (၁၈၀) ကျော် ဖမ်းဆီးခံရ
မုံရွာ ၊ ဇူလိုင် ၁၅ ၊ Horizons စစ်ကောင်စီက ၎င်းတို့၏ စစ်မှုထမ်းအပတ်စဉ် (၂၇) ကို ယခုလအတွင်း စတင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ (၆) ရက်တာကာလအတွင်း လမ်းသွားလမ်းလာ လူငယ်နှင့် လူလတ်ပိုင်း အမျိုးသား ၁၈၀ ကျော်ကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၉ ရက်မှ ၁၄ ရက်အထိ (၆) ရက်ဆက်တိုက် မုံရွာမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အမှတ် (၁) ရဲစခန်း၊ စက်မှုဇုန် (၁) အမှတ် (၂) ရဲစခန်းနှင့် ရဲတိုင်းရုံးတို့မှ အင်အားစုများသည် အရပ်သားသုံး အိ

Horizons News
3 days ago1 min read


အလုံမြို့နယ်တွင် လမ်းကူးနေသည့် အသက် (၇၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး YBS 144 ယာဉ်တိုက်မိပြီး ပွဲချင်းပြီးသေဆုံး
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ လမ်းဖြတ်ကူးနေသည့် အသက် (၇၀) ကျော်အရွယ် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို YBS 144 ဘတ်စ်ကားက ဝင်ရောက်တိုက်မိခဲ့သဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်သည် ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်) နံနက်ပိုင်းက အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းပေါ်ရှိ ဆင်မင်းဈေးကားမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ အဘွားသည် လူကူးမျဉ်းကြား

Horizons News
3 days ago1 min read


ညောင်ခါးရှည်စခန်းရှိ ဖမ်းဆီးရမိကုန်စည်များ လေလံတင်မည်ဖြစ်ရာ သွင်းကုန်ပိတ်ဆို့မှု၏ နောက်ဆက်တွဲဂယက်များအပေါ် စိုးရိမ်မှုများရှိနေ
ပဲခူး ၊ ဇူလိုင် ၁၅ ၊ Horizons ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းပေါ်က ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမိထားသည့် ကုန်စည်အမှုတွဲ (၁၁) ခုကို လာမည့် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ လေလံတင်မည့် စာရွက်စာတမ်းများကို တစ်စုံလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ဇူလိုင်လ ၁၃ ရက်မှ ၁၆ ရက်အထိ ဝယ်ယူနိုင်ပြီး လေလံစည်းကမ်းချက်ပါ စပေါ်ငွေ ပေးသွင်းပြီးမှသာ သတ်မှတ်ရက်အတွင်း ကုန်ပစ္စည်းများ

Horizons News
3 days ago1 min read


ဖာလာဈေး ဆက်တိုက်ကျဆင်းမှုကြောင့် ဖရူဆိုဒေသခံတောင်သူများ နနွင်းကို အစားထိုးစိုက်ပျိုးလာ
ဖရူဆို ၊ ဇူလိုင် ၁၅ ၊ Horizons ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်ပေါ်ကျေးရွာများတွင် ဖာလာဈေးနှုန်းများ နှစ်ရှည်လများ ဆက်တိုက်ကျဆင်းနေမှုကြောင့် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် ဒေသခံတောင်သူများက ဖာလာအစား နနွင်းကို ပြောင်းလဲအစားထိုး စိုက်ပျိုးလာကြကြောင်း သိရသည်။ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်ပေါ်ကုန်းမြင့်ဒေသများတွင် ဒေသခံများသည် ဖာလာနှင့် နနွင်းကို အသက်မွေးဝမ်းကျောင်းအဖြစ် နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဒေသခံတောင်သူများသည် ဖာလာပင်ကို န

Horizons News
3 days ago1 min read


လောင်းရှည်အနီး စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်း မိုင်းဆွဲခံရကာ ၃ ဦးသေဆုံးပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်ကို မီးရှို့လက်တုံ့ပြန်
ဆော ၊ ဇူလိုင် ၁၅ ၊ Horizons ချင်းပြည်နယ်တောင်ပိုင်းသို့ စစ်ကူဖြည့်တင်းရန် လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ဇူလိုင်လ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် စလင်းမြို့နယ်ဘက်မှတစ်ဆင့် လောင်းရှည်မြို့သို့ ရောက်ရှိလာပြီး ထိုမှတစ်ဆင့် ဆောမြို့ဘက်သို့ ထွက်ခွာလာသော အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းသည် ကာက (ကံလှ) ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခ

Horizons News
3 days ago1 min read


ခရီးသွားမြို့တော်မှ “လူဖမ်းပွဲတော်” နှင့် ပြန်ပေးဆွဲငွေညှစ်ကွင်းဆက် - ပုဂံ-ညောင်ဦးဒေသ၏ မှောင်မိုက်သော နေ့ရက်များ
ညောင်ဦး ၊ ဇူလိုင် ၁၅ ၊ Horizons ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားခဲ့ဖူးသော ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ-ညောင်ဦးသည် လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ၏ ပေါ်ပေါ်တင်တင် လူဖမ်းငွေညှစ်ရာ ဇုန်တစ်ခုအဖြစ် ပြောင်းလဲနေသည်။ စစ်မှုထမ်းဥပဒေကို အသုံးချ၍ အရပ်သားလူငယ်များနှင့် နေ့စားအလုပ်သမားများကို ဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀၀ မှ ၄၀၀ အထိ ပြန်ပေးငွေတောင်းခံနေပြီး ငွေမပေးနိုင်ပါက ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေကြောင်း မြို့ခံသတင်းရင်းမြစ်များက အတည်ပြုသည်။ ဤဖြစ်

Horizons News
3 days ago1 min read


ပတ္တရားဆွေးနွေးပွဲအပြီး ကရင်နီတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်လာ
ကရင်နီ ၊ ဇူလိုင် ၁၅ ၊ Horizons ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့တိုင်းရင်းသားလက်နက်ကိုင် (EAOs) များ၏ ဆွေးနွေးပွဲအပြီး နောက်တစ်ရက်တွင် ကရင်နီပြည်နယ်အတွင်းသို့ စစ်ကောင်စီက လေကြောင်းဖြင့် ခြိမ်းခြောက်ပျံသန်းမှုများ ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်

Horizons News
3 days ago1 min read


ဇူလိုင်လနှစ်ပတ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ဒရုန်းနဲ့တိုက်ခိုက်မှု လေးကြိမ် ရှိတယ်လို့ လောင်းလုံပကဖ အသိပေး
တနင်္သာာရီ၊ ဇူလိုင် ၁၅ ၊ Horizons တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် နဲ့ နှစ်ပတ်တာအတွင်း ဒရုန်းတိုက်ခိုက်မှု လေးကြိမ် ရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပကဖက မနေ့(ဇူလိုင် ၁၄) မှ သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်က လောင်းလုံမြို့နယ်၊ လက်သည်းရှည်တောင်ကို ဇူလိုင် ၃ ရက်နေ့က စစ်ကြောင်း ထိုးလာတဲ့ အတွက် ဒရုန်းနဲ့ ဗုံးသီးဆယ်လုံး ကြဲချတာလို့ လောင်းလုံပကဖက အသိပေးပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက လောင်းလုံရဲစခန်း၊ ထွေအုပ်ရုံးနဲ့ လဝကရုံးတွေကို ဒရုန်းနဲ့ ဗုံးသီး ခြောက်လုံ

Horizons News
3 days ago1 min read


ဂါဇာကမ်းမြောင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ယူရို ၁ ဒသမ ၆ ဘီလီယံခန့် ကူညီမည့် "Team Gaza Initiative" အစီအစဉ်ကို ဥရောပကော်မရှင် စတင်
ဘရပ်ဆဲလ် ၊ ဇူလိုင် ၁၅ ၊ Horizons စစ်ဘေးသင့် ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်ထူထောင်ရေးနှင့် ကူညီထောက်ပံ့မှုများ ပြုလုပ်နိုင်ရန်အတွက် ဥရောပကော်မရှင်နှင့် မိတ်ဖက်နိုင်ငံပေါင်း ၁၆ နိုင်ငံကျော် ပူးပေါင်းကာ ယူရို ၁ ဒသမ ၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်) ပေးအပ်မည့် "Team Gaza Initiative" အစီအစဉ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အစီအစဉ်စတင်ခြင်း အခမ်းအနားသို့ ပါလက်စတိုင်း ဝန်

Horizons News
3 days ago1 min read


စစ်မှုထမ်းဥပဒေနောက်ကွယ်မှ အဓမ္မဖမ်းဆီးမှုများ၊ လူပျောက်ဆုံးမှု မြင့်တက်လာခြင်းနှင့် ပြည်ပမှနေရပ်ပြန်များကို ဖမ်းဆီးနေသည့် အခြေအနေ
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ စစ်သည်အင်အားဖြည့်တင်းရန်အတွက် တရားဝင်ဆင့်ခေါ်စာပေးပို့ခြင်းထက် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ဖျောက်ဖျက်ခြင်းနည်းလမ်းများကို ပိုမိုအသုံးပြုလာကြောင်း အချက်အလက်များအရ သိရသည်။ အဆိုပါ ဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း လူပျောက်တိုင်ကြားမှုနှုန်းမှာ စိုးရိမ်ဖွယ်ရာ ကိန်းဂဏန်းအထိ မြင့်တက်လာခဲ့သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခ

Horizons News
3 days ago1 min read


ကလေးမြို့နယ်တောင်ဘက်ကို စစ်ကောင်စီတပ်က Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်
ကလေး ၊ ဇူလိုင် ၁၅ ၊ Horizons စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ဘက်ရှိ နေရာတစ်နေရာသို့ စစ်ကောင်စီတပ်က ယနေ့ (ဇူလိုင်လ ၁၅ ရက်) နံနက်ပိုင်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ကလေးမြို့လေဆိပ်မှ ပျံသန်းတက်လာသည့် စစ်ကောင်စီ၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်သည် ယနေ့နံနက်ပိုင်းတွင် ကလေးမြို့နယ်တောင်ဘက်သို့ ဦးတည်ပျံသန်းကာ နံနက် (၇:၁၉) နာရီတွင် တစ်ကြိမ်၊ (၇:၂၀) နာရီတွင် တစ်ကြိမ်၊ (၇:၂၂) နာရီတွင် တ

Horizons News
3 days ago1 min read


"အာဇာနည်တိုင်း သမိုင်းမသေ" ဆောင်ပုဒ်ဖြင့် (၇၉) နှစ်မြောက် အာဇာနည်နေ့ လူထုလှုပ်ရှားမှုကြီး ပြုလုပ်ရန် နှိုးဆော်
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့၌ "အာဇာနည်တိုင်း သမိုင်းမသေ" ဟူသော ဆောင်ပုဒ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ ပါဝင်မည့် လူထုလှုပ်ရှားမှုကြီးတစ်ရပ် ဆင်နွှဲသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် လူထုလှုပ်ရှားမှု ဦးဆောင်ကော်မတီများက သတင်းထုတ်ပြန် နှိုးဆော်လိုက်သည်။ စစ်ကောင်စီအနေဖြင့် နိုင်ငံ၏ သမိုင်းမှန်များကို ဖုံးကွယ်ရန်ကြိုးပမ်းခြင်း၊ မျိုးဆက်သစ်လူငယ်များကို ဝါဒမှိုင်းတိုက်ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရု

Horizons News
3 days ago1 min read


စစ်အာဏာရှင်အဆက်ဆက်၏ အခါတော်ပေး ဒေါက်တာဖေဉာဏ် (စန္ဒကူးမြိုင်ဆရာတော်) အသတ်ခံရမှုတွင် ကျူးလွန်သူ (၅) ဦးကို ဖမ်းဆီးရမိ
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်မှ စစ်အာဏာရှင်အဆက်ဆက်၏ အဓိက အခါတော်ပေးအဖြစ် လူသိများသည့် ကျောင်းထိုင်ဆရာတော် ဒေါက်တာဖေဉာဏ် အသတ်ခံရပြီး ပစ္စည်းများ လုယက်ခံရမှုတွင် ကျူးလွန်သူ လူငယ် (၅) ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ကျောင်းဝင်းအတွင်းရှိ ပန်းရံလုပ်သား (၂) ဦးသည် ဆရာတော

Horizons News
3 days ago1 min read


မြန်မာနိုင်ငံတွင် ခြောက်လအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း၌ ထိခိုက်မှု အများဆုံးဖြစ်
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons ၂၀၂၆ ခုနှစ်၏ ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီးပေါင်း ၃၃၂ ဦး သေဆုံးခဲ့ပြီး ၃၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က သတင်းထုတ်ပြန်လိုက်သည်။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး မယဉ်မျိုး၏ ပြောကြားချက်အရ သေဆုံးရသူ အမျိုးသမီးများအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ (၂၄၂) ဦးဖ

Horizons News
3 days ago1 min read


ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်ဖော်ပြောဆိုတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒေါသတကြီး တုံ့ပြန်လေ့ရှိဟု သံတမန်များ ပြောဆို
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် နိုင်ငံတကာခေါင်းဆောင်များနှင့် သံတမန်များက ဖမ်းဆီးခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်ဖော်ပြောဆိုတိုင်း ၎င်းက ဒေါသတကြီး တုံ့ပြန်လေ့ရှိကြောင်း အဆိုပါ ဆွေးနွေးမှုများကို သိရှိထားသည့် နိုင်ငံတကာသံတမန်များကို ကိုးကား၍ The Economist သတင်းဌာနက ဖော်ပြလိုက်သည်။ အသက် (၈၁) နှစ်အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ်ကုန်ပိ

Horizons News
3 days ago1 min read


မင်းပြားတွင် ရေပြန်ကျသော်လည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၃၀ ခန့် မြစ်ထဲမျောပါ၊ နောက်ထပ် အိမ်ခြေ ၆၀ ကျော် ထပ်မံပြိုကျရန် စိုးရိမ်နေရ
မင်းပြား ၊ ဇူလိုင် ၁၅ ၊ Horizons ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့တွင် လေးရက်ဆက်တိုက် ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီးနောက် လက်ရှိ၌ ရေပြန်ကျသွားပြီဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်အချို့တွင် မြစ်ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် နေအိမ်နှင့် ဆိုင်ခန်းပေါင်း ၃၀ နီးပါး မြစ်ထဲသို့ မျောပါပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ ရေပြန်ကျချိန်မှစတင်ကာ ယခုကဲ့သို့ ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြစ်ထဲသို့ တိုက်ရိုက်မ

Horizons News
3 days ago1 min read


မင်းပြားမြို့တွင် ရေပြန်ကျသွားပြီးနောက် ULA/AA နှင့် ဒေသခံများပူးပေါင်းကာ ရွှံ့နှင့် အမှိုက်များ ရှင်းလင်းရေး ဆောင်ရွက်
မင်းပြား ၊ ဇူလိုင် ၁၅ ၊ Horizons ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မြို့ပေါ်လမ်းမများနှင့် ရပ်ကွက်များအတွင်း တင်ကျန်ရစ်သည့် ရွှံ့နွံများနှင့် အမှိုက်များကို သန့်ရှင်းရေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေများပြန်လည်ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် လမ်းမများပေါ်ရှိ ရွှံ့နွံများ၊ ရေစီးနှင့်

Horizons News
3 days ago1 min read
bottom of page