top of page
သတင်း


စစ်အာဏာရှင်အဆက်ဆက်၏ အခါတော်ပေး ဒေါက်တာဖေဉာဏ် (စန္ဒကူးမြိုင်ဆရာတော်) အသတ်ခံရမှုတွင် ကျူးလွန်သူ (၅) ဦးကို ဖမ်းဆီးရမိ
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်မှ စစ်အာဏာရှင်အဆက်ဆက်၏ အဓိက အခါတော်ပေးအဖြစ် လူသိများသည့် ကျောင်းထိုင်ဆရာတော် ဒေါက်တာဖေဉာဏ် အသတ်ခံရပြီး ပစ္စည်းများ လုယက်ခံရမှုတွင် ကျူးလွန်သူ လူငယ် (၅) ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ဖော်ပြထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ကျောင်းဝင်းအတွင်းရှိ ပန်းရံလုပ်သား (၂) ဦးသည် ဆရာတော

Horizons News
3 days ago1 min read


မြန်မာနိုင်ငံတွင် ခြောက်လအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း၌ ထိခိုက်မှု အများဆုံးဖြစ်
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons ၂၀၂၆ ခုနှစ်၏ ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီးပေါင်း ၃၃၂ ဦး သေဆုံးခဲ့ပြီး ၃၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က သတင်းထုတ်ပြန်လိုက်သည်။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး မယဉ်မျိုး၏ ပြောကြားချက်အရ သေဆုံးရသူ အမျိုးသမီးများအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ (၂၄၂) ဦးဖ

Horizons News
3 days ago1 min read


ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်ဖော်ပြောဆိုတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒေါသတကြီး တုံ့ပြန်လေ့ရှိဟု သံတမန်များ ပြောဆို
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် နိုင်ငံတကာခေါင်းဆောင်များနှင့် သံတမန်များက ဖမ်းဆီးခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်ဖော်ပြောဆိုတိုင်း ၎င်းက ဒေါသတကြီး တုံ့ပြန်လေ့ရှိကြောင်း အဆိုပါ ဆွေးနွေးမှုများကို သိရှိထားသည့် နိုင်ငံတကာသံတမန်များကို ကိုးကား၍ The Economist သတင်းဌာနက ဖော်ပြလိုက်သည်။ အသက် (၈၁) နှစ်အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ်ကုန်ပိ

Horizons News
3 days ago1 min read


မင်းပြားတွင် ရေပြန်ကျသော်လည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၃၀ ခန့် မြစ်ထဲမျောပါ၊ နောက်ထပ် အိမ်ခြေ ၆၀ ကျော် ထပ်မံပြိုကျရန် စိုးရိမ်နေရ
မင်းပြား ၊ ဇူလိုင် ၁၅ ၊ Horizons ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့တွင် လေးရက်ဆက်တိုက် ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီးနောက် လက်ရှိ၌ ရေပြန်ကျသွားပြီဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်အချို့တွင် မြစ်ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် နေအိမ်နှင့် ဆိုင်ခန်းပေါင်း ၃၀ နီးပါး မြစ်ထဲသို့ မျောပါပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့ ရေပြန်ကျချိန်မှစတင်ကာ ယခုကဲ့သို့ ကမ်းပါးပြိုကျမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြစ်ထဲသို့ တိုက်ရိုက်မ

Horizons News
3 days ago1 min read


မင်းပြားမြို့တွင် ရေပြန်ကျသွားပြီးနောက် ULA/AA နှင့် ဒေသခံများပူးပေါင်းကာ ရွှံ့နှင့် အမှိုက်များ ရှင်းလင်းရေး ဆောင်ရွက်
မင်းပြား ၊ ဇူလိုင် ၁၅ ၊ Horizons ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မြို့ပေါ်လမ်းမများနှင့် ရပ်ကွက်များအတွင်း တင်ကျန်ရစ်သည့် ရွှံ့နွံများနှင့် အမှိုက်များကို သန့်ရှင်းရေး ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ရေများပြန်လည်ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် လမ်းမများပေါ်ရှိ ရွှံ့နွံများ၊ ရေစီးနှင့်

Horizons News
3 days ago1 min read


စားအုန်းဆီ ခွဲတမ်းဝယ်ယူရာတွင် အိမ်ထောင်စုစာရင်း တောင်းခံနေမှုကြောင့် စစ်မှုထမ်းဥပဒေနှင့် ဆက်စပ်မည်ကို မွန်ပြည်နယ် ဒေသခံများ စိုးရိမ်
မော်လမြိုင် ၊ ဇူလိုင် ၁၅ ၊ Horizons မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည့် ခွဲတမ်းစားအုန်းဆီ ဝယ်ယူရာတွင် အိမ်ထောင်စုစာရင်း မိတ္တူများ လိုက်လံတောင်းခံနေသဖြင့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း သိရသည်။ ယခင်က ရပ်ကွက်များအတွင်း စားအုန်းဆီ လိုက်လံဖြန့်ဖြူးရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီတစ်ပိဿာနှုန်းဖြင့် မည်သည့်အထောက်အထားမျှ မလိုဘဲ ဝယ်ယူခွင့်ရရှိခဲ့သည်။ သို့သော် ယခု ဇူလိုင်လဆန်

Horizons News
3 days ago1 min read


ပုသိမ်-ချောင်းသာကားလမ်းတွင် တောင်ကျရေကြောင့် နေအိမ်များမျောပါပြီး လူတစ်ဦးသေဆုံး၊ ရေဘေးအန္တရာယ် အထူးသတိပြုရန် နှိုးဆော်ထား
ပုသိမ် ၊ ဇူလိုင် ၁၅ ၊ Horizons ဧရာဝတီတိုင်း၊ ပုသိမ်-ချောင်းသာ ကားလမ်းပိုင်းတွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ အရှိန်အဟုန်ဖြင့် စီးဆင်းမှုကြောင့် နေအိမ်အချို့ ရေစီးနှင့်အတူ မျောပါသွားကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၁၄ ရက်) နံနက်ပိုင်းက ချောင်းသာကမ်းခြေအနီးရှိ ခြောက်ကောင်ကျေးရွာတွင် တောင်ကျရေများ ရုတ်တရက် ဆင်းလာခြင်းဖြစ်သည်။ ယင်းတောင်ကျရေကြောင့် နေအိမ်အချို့ မျောပါသွားခဲ့ပြီး လူ (၃) ဦး ရေစီးနှင့်အတူ မျောပါသွားခဲ့ရာ (၂

Horizons News
3 days ago1 min read


၂၀၂၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် ပြင်သစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ စပိန် ဗိုလ်လုပွဲသို့ တက်ရောက်
ဇူလိုင် ၁၅ ၊ Horizons ၂၀၂၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် စပိန်အသင်းနှင့် ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်းက ၂-၀ ဂိုးဖြင့် ထိုက်ထိုက်တန်တန် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်လှမ်းသွားပြီဖြစ်သည်။ ပွဲစတင်သည်နှင့်တပြိုင်နက် စပိန်အသင်းသည် ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ကွင်းလယ်ကိုပါ အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သည်။ ပွဲချိန် ၂၂ မိနစ်တွင် စပိန်တောင်ပံကစားသမား လာမင်း ယာမယ်လ် ရရှိခဲ့သော ပင်နယ်တီပြစ်ဒဏ်ဘောကို မီကယ် အိုယာဇာဘယ် က

Horizons News
3 days ago1 min read


အရာတော်မြို့နယ်၊ ကံရင်းကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ကိုယ်ဝန်ဆောင်မိခင်ပါ သုံးဦး သေဆုံး
စစ်ကိုင်း၊ ဇူလိုင် ၁၄ ၊ Horizons စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကံရင်းကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုအပြီး ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူသုံးဦးက သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက Horizons News ကို ပြောပါတယ်။ ဒီနေ့ နေလယ်ပိုင်းမှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် ဂျိုင်ရိုကော်ပတာသုံးစီးက ကံရင်းကျေးရွာကို ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “ လက်ဖက်ရည်ဆိုင်ကို တည့်ကျတာ။ ကိုယ်ဝန်ဆောင်လည်း ဆုံးသွားတယ်။ ဗိုက်ထဲက ကလေးကလည်း သေဆုံးသွားတယ်၊ စုစုပေါင်း သုံးဦး သေ

Horizons News
4 days ago1 min read


အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ တိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးပါ သုံးဦး ထိခိုက်
စစ်ကိုင်း၊ ဇူလိုင် ၁၄ ၊ Horizons စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကန်ရင်းရွာကို အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာသုံးစီးနဲ့ တိုက်ခိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက Horizons news သတင်းမီဒီယာကို ပြောပါတယ်။ ဒီနေ့နေလယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျိုင်ရိုကော်ပတာ သုံးစီးနဲ့ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘဲ လာရောက်ပစ်ခတ်သွားတာလို့ သူက ဆက်ပြောပါတယ်။ ဒေသခံတစ်ဦးက “ ထိခိုက်တာက သုံးယောက်ပါ။ အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်” လို့ ပြောပါတယ်။ ထိခိုက်တဲ့အမျိုးသမီးနှစ်ဦးအနက် တစ်

Horizons News
4 days ago1 min read


မကွေးဖက်ဒရယ်ယူနစ်အတွင်း ယာယီကာကွယ်ရေးစစ်ကြောင်း (၃) ကြောင်း ထပ်မံတိုးမြှင့်ဖွဲ့စည်း
မကွေး ၊ ဇူလိုင် ၁၄ ၊ Horizons ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နယ်မြေအတွင်း စစ်ရေးစွမ်းရည် မြှင့်တင်ရန်နှင့် ရန်သူ့စစ်ကြောင်းများ၏ ကျူးကျော်မှုကို ခုခံတွန်းလှန်ရန်အတွက် ယာယီကာကွယ်ရေးစစ်ကြောင်းသစ် (၃) ကြောင်းကို ထပ်မံတိုးမြှင့်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဇူလိုင်လ ၁၄ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အမှတ် (၅/၂၀၂၆) အရ လက်တလော ဖြစ်ပေါ်နေသော စစ်ကောင်စီစစ်ကြောင်းများ၏ ကျူးကျော်တိုက်ခိုက်မှုများကို ပိုမိုထိရောက်စွာ ခုခံတွန်းလှန်နိုင်ရန်၊ စစ်ဆင်ရေ

Horizons News
4 days ago1 min read


ရေကြီးရေလျှံမှု ကြုံတွေ့နေရသည့် ဂွမြို့နယ်ကို စစ်ကောင်စီက ညသန်းခေါင်အချိန် လေကြောင်းမှ ဗုံး (၅၀) ကျော် ကြဲချတိုက်ခိုက်
ဂွ ၊ ဇူလိုင် ၁၄ ၊ Horizons သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သို့ စစ်ကောင်စီတပ်က ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) ညပိုင်းအချိန်တွင် ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အသုံးပြုကာ ဗုံးအလုံးရေ (၅၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေဘေးအန္တရာယ် ကြုံတွေ့နေရသည့် ဒေသခံပြည်သူများအပေါ် စစ်ကောင်စီသည် ည (၁၀) နာရီမှ (၁၀) နာရီ (၅၅) မိနစ်အထိ (၅၅) မိနစ်စာ အချိန်အတွင်း ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များကို အသုံးပြုကာ ဗုံးသီးပေါင်း (၅၂) လုံး

Horizons News
4 days ago1 min read


အင်းလေးကန်အတွင်း ရောဂါဖြင့်သေဆုံးသည့် ဝက်သေကောင်များကို စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်
အင်းလေး ၊ ဇူလိုင် ၁၄ ၊ Horizons ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ဝက်နာကျရောဂါဖြင့် သေဆုံးသွားသည့် ဝက်အသေကောင်များကို ရေထဲသို့ စည်းကမ်းမဲ့ စွန့်ပစ်မှုများ ရှိနေခြင်းကြောင့် အင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ဝက်ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားနေပြီး နောက်ဆက်တွဲ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို ဒေသခံများက အထူးစိုးရိမ်လျက်ရှိသည်။ ဒေသခံများ၏ ပြောပြချက်အရ အင်းလေးဒေသ မြောက်ပိုင်းရှိ ရေပေါ်ကျေးရွာအချို့တွင် သေဆုံးသွားသော ဝက်များကို မြေမြှုပ်ရန်.

Horizons News
4 days ago1 min read


နတ်မောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် ဗုံးကြဲလို့ ကလေးတစ်ဦး သေဆုံး
မကွေး၊ ဇူလိုင် ၁၄ ၊ Horizons မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကန်လေးကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေလယ်ပိုင်းမှာ ဗုံးကြဲတယ်လို့ ဒေသခံတစ်ဦးက Horizons News ကို ပြောပါတယ်။ ဒေသခံတစ်ဦးက “ကန်လေးကုန်းဘုန်ကြီးကျောင်း နဲ့ စာသင်ကျောင်းကို ကြဲသွားတယ်။ ကလေးတစ်ယောက် သေတယ်၊ ကလေးတစ်ယောက်က ပေါင်ပြတ်လောက်တယ်။ အသံက အကျယ်ကြီး” လို့ ပြောပါတယ်။ Wai Hin ကင်းထောက်ချန်နယ်ကတော ညောင်ဦးလေတပ်တက် MI 35 က နတ်မောက်မြိုန့ယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာအင်တာနက်ပရောဂျက် - MIP ကတေ

Horizons News
4 days ago1 min read


မြိုင်နှင့် ပေါက်မြို့နယ်အစပ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာအချို့ မီးရှို့ခံရပြီး ဒေသခံများ အရေးပေါ် တိမ်းရှောင်နေရ
မြိုင်/ပေါက် ၊ ဇူလိုင် ၁၄ ၊ Horizons မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်တွင် စစ်ကောင်စီ စစ်ကြောင်းများ လှုပ်ရှားနေမှုကြောင့် ကျေးရွာအချို့မှ နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံပြည်သူ အများအပြား ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းများအရ သိရသည်။ ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်း၏ ရှေ့ပြေးတပ်ဖွဲ့ဝင်များသည် ကိုင်းတောမရွာ ဝန်းကျင်သို့ ရောက်ရှိနေသည်။ ထို့ပြင် (၂၄) တပ်မ (စက်မှု) ဘက်မှ ထွက်ခွာလာသည့် အင်အားစု

Horizons News
4 days ago1 min read


ဘန်ကောက် ဘားဆိုင်မီးလောင်မှုတွင် သေဆုံးသူ (၃၀) ဦးအထိ တိုးမြင့်လာ
ဘန်ကောက် ၊ ဇူလိုင် ၁၄ ၊ Horizons ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Chatuchak ခရိုင်ရှိ "Rong Beer Na Lat Phrao" ဘားတွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၂) ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော အကြီးစား မီးလောင်မှုနှင့်ပတ်သက်၍ ယနေ့ နောက်ဆုံးရရှိသည့် သတင်းများအရ သေဆုံးသူအရေအတွက်မှာ (၃၀) ဦးအထိ ထပ်မံတိုးမြင့်လာပြီဖြစ်ကြောင်း CNA သတင်းဌာနက ဖော်ပြသည်။ ဤဖြစ်စဉ်သည် ဘန်ကောက်မြို့တွင် (၁၇) နှစ်တာကာလအတွင်း လူသေဆုံးမှု အများဆုံးနှင့် အဆိုးရွားဆုံး မီးလောင်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဆေးရုံတွင် ဆေးကုသမှုခံယူနေရင်

Horizons News
4 days ago1 min read


စစ်ကောင်စီတပ်က ချောက်နှင့် ခင်ဦးမြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦး သေဆုံးပြီး (၈) ဦးထက်မနည်း ဒဏ်ရာရ
ချောက်/ခင်ဦး ၊ ဇူလိုင် ၁၄ ၊ Horizons မကွေးတိုင်း၊ ချောက်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အသက် (၆၀) ကျော်အရွယ် ပြည်သူတစ်ဦး သေဆုံးကာ ဆရာမတစ်ဦးအပါအဝင် ဒေသခံ (၈) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်သည် ညောင်ဦးလေတပ်စခန်းမှ ပျံတက်လာသော ဂျက်တိုက်လေယာဉ်နှင့် Mi-35...

Horizons News
4 days ago1 min read


ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ ခေါင်လန်ဖူးတွင် တရုတ်လုပ်ငန်းရှင်များနှင့် ပြည်သူ့စစ် ပူးပေါင်း၍ သတ္တုတူးဖော်ရန် ပြင်ဆင်နေ
ခေါင်လန်ဖူး ၊ ဇူလိုင် ၁၄ ၊ Horizons လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသည့် ကချင်ပြည်နယ် မြောက်ဖျား တရုတ်-မြန်မာ နယ်စပ်အနီးရှိ ခေါင်လန်ဖူးမြို့နယ်တွင် တရုတ်လုပ်ငန်းရှင်များနှင့် ဌာနေပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းကာ သတ္တုတူးဖော်ရန် အကြီးအကျယ် ပြင်ဆင်လျက်ရှိပြီး ဒေသခံများကို ငွေကြေးဖြင့် လိုက်လံစည်းရုံးနေကြောင်း သိရသည်။ လက်ရှိတွင် ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေးရွာအုပ်စုအတွင်းရှိ နန်ဆိန်ကျေးရွာနှင့် ရှိန်းခေါင်ကျေးရွာ အနီးတစ်ဝိုက်တွင် အဓိက ပြင်ဆင်နေကြပြီး လိုက်လံစည်းရုံးနေသည်မှာ နှစ်လမှ

Horizons News
4 days ago1 min read


ချောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ထွက်သွားပေမဲ့ လေကြောင်း ဗုံးကြဲလို့ အရပ်သားတစ်ဦး သေဆုံး
မကွေး၊ ဇူလိုင် ၁၄ ၊ Horizons မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ် တပ်စစ်ကြောင်းက ထွက်သွားပေမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကံသစ်ကုန်းကျေးရွာက အရပ်သားတစ်ဦး သေဆုံးတယ်လို့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ချောက်မြို့နယ်ထဲက ဆူးတောရွာ၊ ညောင်ဇင်၊ စမ်းစုစတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက မနေ့(ဇူလိုင် ၁၃) မှာ စလေမြို့က ခလရ ၄၁၆ ကို ပြန်ဝင်ရောက်သွားပြီလို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါ

Horizons News
4 days ago1 min read


ချင်းတောင်ပိုင်းကို စစ်ကောင်စီက အင်အား ၃,၀၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး လေကြောင်းမှ အကြိမ် ၃၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ထား
ချင်း ၊ ဇူလိုင် ၁၄ ၊ Horizons ချင်းပြည်နယ်တောင်ပိုင်းဒေသကို စစ်ရေးအရ ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီတပ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များနှင့် တပ်မအသီးသီးမှ ထုတ်နှုတ်အင်အား ၃,၀၀၀ ခန့် အသုံးပြုကာ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ စစ်ကောင်စီသည် ယခုထိုးစစ်အတွက် စကခ (၂)၊ (၁၄)၊ (၁၈) နှင့် တပ်မ (၇၇)၊ (၉၉) တို့အပြင် အခြားတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ခမရ (၃၁၆)၊ (၅၁၂)၊ (၅၁၃) နှင့် (၃၀၅) တို့

Horizons News
4 days ago1 min read
bottom of page