top of page
နိုင်ငံတကာ
နိုင်ငံတကာသတင်းများကို အချိန်နှင့်တပြေးညီ တက်ဆက်ပေးနေပါသည်။


ကုန်တင်သင်္ဘောအား တိုက်ခိုက်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်စစ်ရေးပစ်မှတ်များကို အမေရိကန် လေကြောင်းမှ တိုက်ခိုက်
ဇွန် ၂၇ ၊ Horizons ဟော်မုဇ်ရေလက်ကြားအနီးရှိ ကုန်တင်သင်္ဘောတစ်စင်းအား အီရန်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်၏ ဒရုန်းနှင့် ဒုံးကျည်သိုလှောင်ရုံများ၊ ကမ်းရိုးတန်းရေဒါစခန်းများကို အမေရိကန်စစ်တပ်က သောကြာနေ့တွင် လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က ထုတ်ပြန်သည်။ ယင်းသို့ ကုန်တင်သင်္ဘောကို တိုက်ခိုက်ခြင်းသည် အမေရိကန်နှင့် အီရန်တို့အကြား မကြာသေးမီက လက်မှတ်ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အီရန်ဘက်မှ မိုက

Horizons News
Jun 271 min read


တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီး လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၁ နှစ်နှင့် ၈ လ ချမှတ်ခံရ
ဆိုးလ်၊ ဇွန် ၂၆ ၊ Horizons တောင်ကိုရီးယားနိုင်ငံ တရားရုံးတစ်ခုက သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီး (Kim Keon-hee) အား လာဘ်ပေးလာဘ်ယူမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသည့်အတွက် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၁ နှစ်နှင့် ၈ လ ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။ သို့သော်လည်း သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီးသည် စတော့ရှယ်ယာဈေးကွက် ကစားမှုနှင့် နိုင်ငံရေးရန်ပုံငွေဥပဒေ ချိုးဖောက်မှု စသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍မူ တရားရုံးက အပြစ်မရှိကြောင်း ဆုံးဖြတ်ကာ ကင်းလွတ်ခွင့် ပေးခဲ့သည်။ တရားစွဲဆိုသူမျ

Horizons News
Jun 261 min read


ဗင်နီဇွဲလား အမြွှာမြေငလျင်ကြောင့် လူ ၂၃၅ ဦးဝန်းကျင် သေဆုံး၊ နိုင်ငံတကာ ကယ်ဆယ်ရေးအကူအညီများ အရှိန်မြှင့်လုပ်ဆောင်နေ
ဇွန် ၂၆ ၊ Horizons နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့နေရသည့် ဗင်နီဇွဲလားနိုင်ငံတွင် ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး အမြွှာမြေငလျင် လှုပ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ ၂၃၅ ဦးဝန်းကျင်ရှိလာခဲ့သည်။ လာဂွါရီယာ (La Guaira)၊ မြို့တော် ကရာကတ်စ်နှင့် ဆင်ခြေဖုံးဒေသများရှိ နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးခဲ့သောကြောင့် ဒေသခံများစွာ အိုးမဲ့အိမ်မဲ့ဖြစ်နေရပြီး အပျက်အစီးများအောက် ပိတ်မိနေသူများကို အသက်ရှင်လျက် ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက အချိန်လု ကြိုးပမ်းနေ

Horizons News
Jun 261 min read


ဖူးခက်တွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မြန်မာအလုပ်သမားများအပါအဝင် တရားမဝင် နိုင်ငံခြားသား ၃၉ ဦး ဖမ်းဆီးခံရ
ဖူးခက်၊ ဇွန် ၂၆ ၊ Horizons ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ခရိုင်တွင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၂,၀၀၀ ခန့်ကို စစ်ဆေးခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အပါအဝင် နိုင်ငံခြားသား ၃၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ဖူးခက်အာဏာပိုင်များသည် တရားမဝင် အလုပ်သမားကွန်ရက်များကို ဖြိုခွင်းရန်နှင့် အမည်ခံ စီးပွားရေးလုပ်ငန်းများကို ပယ်ဖျက်နိုင်ရန် ရည်ရွယ်၍ "(X-ray)" ဟု အမည်ပေးထားသော အထူးစစ်ဆင်ရေးတစ်ရပ်ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ရဲတပ

Horizons News
Jun 261 min read


မက္ကလာ (Ewiniar) တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ထိုင်ဝမ်တောင်ပိုင်းတွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပွား
ထိုင်ပေ၊ ဇွန် ၂၆ ၊ Horizons ဂျပန်နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနေသည့် မက္ကလာ (Ewiniar) တိုင်ဖွန်းမုန်တိုင်း၏ အပြင်ဘက် တိမ်တိုက်များ ဖြတ်သန်းမှုကြောင့် ဇွန်လ ၂၅ ရက်နေ့က ထိုင်ဝမ်တောင်ပိုင်း ဒေသအချို့နှင့် ထိုင်ပေမြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဆိုးရွားသည့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မုန်တိုင်းသည် ထိုင်ဝမ်ကျွန်းပေါ်သို့ တိုက်ရိုက်ဝင်ရောက်ဖြတ်သန်းခြင်း မရှိခဲ့သော်လည်း မုန်တိုင်းတိမ်တိုက်များ၏ အရှိန်ကြောင့် နေရာအတော်များများတွင် မိုးများသွန်းအ

Horizons News
Jun 261 min read


ချင်းမိုင်တွင် မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၉ သိန်းနီးပါး ကြားဖြတ်သိမ်းဆည်းရမိ
ချင်းမိုင်၊ ဇွန် ၂၆ ၊ Horizons ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲတန်းဒေသရှိ လမ်းဘေးသစ်တောခြုံနွယ်များအတွင်း ဝှက်ထားသော မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၈၉၆,၀၀၀ ခန့်ကို ထိုင်းအာဏာပိုင်များက ကြားဖြတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ကြိုတင်ရရှိထားသော သတင်းအချက်အလက်များအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (၃၃၅)၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ကတည်းက အဆိုပါနေရာတစ်ဝိုက်တွင် ရက်ရှည်စောင့်ဆိုင်း စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထို့န

Horizons News
Jun 261 min read


ဟော်မုဇ်ရေလက်ကြားတွင် ကုန်တင်သင်္ဘောတစ်စင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးလုပ်ငန်းများ ယာယီရပ်ဆိုင်း
ဝါရှင်တန်၊ ဇွန် ၂၆ ၊ Horizons ကြာသပတေးနေ့က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကုန်တင်သင်္ဘောတစ်စင်းကို အီရန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်။ ယင်းတိုက်ခိုက်မှုကြောင့် စစ်ပွဲစတင်ကတည်းက ပါရှန်ပင်လယ်ကွေ့အတွင်း ပိတ်မိနေသည့် သင်္ဘောသား ၁၁,၀၀၀ ကျော်ကို ကယ်ထုတ်မည့် ကုလသမဂ္ဂ၏ ကယ်ဆယ်ရေးအစီအစဉ်ကို ယာယီရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။ ယူကေ ရေကြောင်းကုန်သွယ်မှုလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်အရ အမည်မသိ ပစ်မှတ်တစ်ခုသည် သင်္ဘော၏ ညာဘက်ခြမ်းကို ဝင်ရောက်မှန

Horizons News
Jun 261 min read


မလေးရှား အထူးတရားရုံးတွင် မြန်မာ ၂ ဦး အပါအဝင် နိုင်ငံခြားသား ၁၂ ဦးကို ထောင်ဒဏ်နှင့် ကြိမ်ဒဏ်များ ချမှတ်
ကေဒါ၊ ဇွန် ၂၆ ၊ Horizons မလေးရှားနိုင်ငံ၊ ကေဒါ (Kedah) ပြည်နယ်၊ ဆစ်ခ်မြို့ရှိ PATI ဘီလန်တစ် (Belantik) အထူးတရားရုံးတွင် မြန်မာနိုင်ငံသား ၂ ဦး အပါအဝင် နိုင်ငံခြားသား ၁၂ ဦးကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က လူဝင်မှုကြီးကြပ်ရေးဥပဒေများဖြင့် တရားစွဲဆိုကာ ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ထုတ်ပြန်သည်။ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် တရားစွဲဆိုခံရသူများထဲတွင် မြန်မာနိုင်ငံသား ၂ ဦးနှင့် လာအိုနိုင်ငံသား ၁ ဦး ပါဝင်ခဲ့သည်။ တရားရုံးက ၎င်းတို့အနက် တရ

Horizons News
Jun 261 min read


Work Permit ရှိသော်လည်း အလုပ်အမျိုးအစား မတူညီသဖြင့် ချင်းမိုင်တွင် မြန်မာလုပ်သား ၃ ဦး ဖမ်းဆီးခံရ
ချင်းမိုင်၊ ဇွန် ၂၅ ၊ Horizons ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ကိုင်ဆောင်ထားသော်လည်း ခွင့်ပြုချက်ရထားသည့် အလုပ်အမျိုးအစား၊ အလုပ်ရှင်နှင့် လုပ်ငန်းခွင်နေရာများ တူညီမှုမရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်က ချင်းမိုင်ခရိုင်၊ ဆန်ကမ်ဖဲန်းမြို့နယ်ရှိ လုပ်ငန်းခွင်တစ်ခုကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်စ

Horizons News
Jun 251 min read


ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်မှုမလုပ်ရန် အမေရိကန်လုပ်ငန်းများကို တရုတ်က ဟန့်တားနေကြောင်း အမေရိကန်ပြောကြား
တိုင်ပေ၊ ဇွန် ၂၅ ၊ Horizons တရုတ်နိုင်ငံသည် အမေရိကန် ပြည်နယ်အစိုးရများနှင့် ပုဂ္ဂလိကကုမ္ပဏီများကို ဆက်သွယ်ကာ ထိုင်ဝမ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ရန် ဟန့်တားနေပြီး အမေရိကန်၏ မူဝါဒကိုလည်း မှားယွင်းစွာ ပုံဖော်နေကြောင်း အမေရိကန် အစိုးရဌာန ၃ ခုက ပူးတွဲပေးပို့သည့်စာများတွင် ဖော်ပြလိုက်သည်။ အမေရိကန် နိုင်ငံခြားရေးဌာန၊ စိုက်ပျိုးရေးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနတို့က ပူးတွဲရေးသားသော အဆိုပါစာများကို ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးများနှင့် စီးပွားရေးခေါင်းဆောင

Horizons News
Jun 251 min read


ဟော်မုဇ်ရေလက်ကြားမှ ရေနံတင်သင်္ဘောများ ပြန်လည်ထွက်ခွာလာသဖြင့် ရေနံဈေးနှုန်းများ ဆက်လက်ကျဆင်း
ဘေဂျင်း၊ ဇွန် ၂၅ ၊ Horizons အီရန်နှင့်ဖြစ်ပွားနေသော အမေရိကန်-အစ္စရေး စစ်ပွဲကို အဆုံးသတ်ရန် ကနဦးသဘောတူညီချက် ရရှိပြီးနောက် ပိတ်မိနေသည့် ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှ ပြန်လည်ထွက်ခွာလာနိုင်ခဲ့ရာ ရေနံထောက်ပံ့မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများ လျော့ကျသွားပြီး ယနေ့ ကြာသပတေးနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ စစ်မဖြစ်မီကာလက ဈေးနှုန်းများအနီးသို့ ဆက်လက်ကျဆင်းသွားခဲ့သည်။ ဩဂုတ်လအတွက် ကြိုတင်ရောင်းချသည့် ဘရန့် (Brent) ရေနံစိမ်းဈေးနှုန်းသည် ၄၀ ဆင့် (၀.၅၄ ရာခို

Horizons News
Jun 251 min read


ရုရှား၏ စစ်ရေးပစ်မှတ်များကို ကြိုတင်တိုက်ခိုက်သွားမည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီး ပြောကြား
ဇွန် ၂၅ ၊ Horizons ရုရှားနိုင်ငံက စစ်ပွဲအတွက် အသုံးပြုနေသည့် အခြေခံအဆောက်အအုံများနှင့် စစ်ရေးပစ်မှတ်များကို ကြိုတင်တိုက်ခိုက်မှုများ (Preemptive attacks) ပြုလုပ်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဗုဒ္ဓဟူးနေ့ ညပိုင်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ မော်စကိုအစိုးရအား ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာစေရန် ရည်ရွယ်၍ ယူကရိန်းက ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများ တိုးချဲ့လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

Horizons News
Jun 251 min read


ဗင်နီဇွဲလားတွင် ၇ ဒသမ ၅ နှင့် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီးနှစ်ခု ဆက်တိုက်လှုပ်ခတ်ပြီး အဆောက်အအုံများ ပြိုကျပျက်စီး
ကာရာကပ်စ်၊ ဇွန် ၂၅ ၊ Horizons ဗင်နီဇွဲလားနိုင်ငံတွင် ဇွန်လ ၂၄ ရက် ညနေပိုင်းက ပြင်းအား ၇ ဒသမ ၅ နှင့် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ကြီးနှစ်ခု တစ်မိနစ်ခန့်သာ ကွာခြား၍ ဆက်တိုက်လှုပ်ခတ်ခဲ့သဖြင့် မြို့တော် ကာရာကပ်စ်အပါအဝင် ဒေသအချို့၌ အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ကာ လူထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ၏ ထုတ်ပြန်ချက်အရ ပထမအကြိမ် ၇ ဒသမ ၂ အဆင့်ရှိ ငလျင်သည် မြေအောက်အနက် ၂၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး တစ်မိနစ်ခန

Horizons News
Jun 251 min read


ထိုင်းတွင် အထောက်အထားမဲ့မြန်မာများ တင်ဆောင်လာသည့်ယာဉ် ဓာတ်တိုင်ဝင်တိုက်မိပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ
ထိုင်း၊ ဇွန် ၂၄ ၊ Horizons ထိုင်းနိုင်ငံ၊ ဖက်ချ်ဘူရီခရိုင် (Phetchaburi) တွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို တင်ဆောင်လာသည့် ကားတစ်စီး အရှိန်လွန်ကာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိသဖြင့် မြန်မာအမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇွန်လ ၂၃ ရက် ည ၉ နာရီဝန်းကျင်ခန့်က ဖက်ချ်ဘူရီခရိုင်၊ ထာ့ယမ် (Tha Yang) မြို့နယ်ရှိ ဖက်ကစန် အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာယာဉ်မောင်း အပါအဝင် စုစုပေါင်

Horizons News
Jun 241 min read


ချင်းရိုင် ရထားလမ်းဥမင်လိုဏ်ခေါင်းစီမံကိန်းတွင် နံရံပြိုကျမှုကြောင့် အလုပ်သမား (၂) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရ
ချင်းရိုင်၊ ဇွန် ၂၁ ၊ Horizons ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်အတွင်း ဖောက်လုပ်နေသည့် ဒေါင်လွောင် (Doi Luang) ရထားလမ်းဥမင်လိုဏ်ခေါင်း တည်ဆောက်ရေးလုပ်ငန်းခွင်၌ ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့ မွန်းလွဲပိုင်းက ရေစိုခံစနစ် (Waterproofing system) တပ်ဆင်နေစဉ် နံရံပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား (၂) ဦး သေဆုံးပြီး အခြား (၂) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ မီးရထားပို့ဆောင်ရေးအဖွဲ့ (SRT) က ဥမင်လိုဏ်ခေါင်းတည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခုလုံးကို

Horizons News
Jun 211 min read


ထိုင်းနိုင်ငံတွင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၂၄) ဦး နေရာအသီးသီး၌ ဆက်တိုက် ဖမ်းဆီးခံရ
ထိုင်း၊ ဇွန် ၂၁ ၊ Horizons ထိုင်းနိုင်ငံ လော့ပူရီ၊ မဲဆောက်နှင့် ရနောင်းခရိုင်တို့တွင် တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား စုစုပေါင်း (၂၄) ဦးကို ထိုင်းအာဏာပိုင်များက နေရာအသီးသီး၌ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၁။ လော့ပူရီခရိုင် ဖမ်းဆီးမှု (မြန်မာ ၁၇ ဦး) ယနေ့ ဇွန်လ (၂၀) ရက်နေ့ နံနက်အစောပိုင်းက လော့ပူရီ (Lopburi) ခရိုင်အတွင်းရှိ အဝေးပြေးလမ်းမကြီးတစ်ခုတွင် ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့သ

Horizons News
Jun 211 min read


မလေးရှားနိုင်ငံ ပူဒူးဈေးအနီး ရှောင်တခင်ဝင်ရောက်စီးနင်းမှုတွင် မြန်မာ (၂၆) ဦး အပါအဝင် နိုင်ငံခြားသား (၁၈၆) ဦး ဖမ်းဆီးခံရ
ကွာလာလမ်ပူ၊ ဇွန် ၂၀ ၊ Horizons ယနေ့ (ဇွန်လ ၂၀ ရက်) နံနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ပူဒူးဈေး (Pudu Market) အနီးတဝိုက်တွင် တရားမဝင် နေထိုင်သူများနှင့် အထောက်အထားမပြည့်စုံသူများကို မလေးရှားအာဏာပိုင်များက ၎င်းတို့ခိုအောင်းရာ အဆောက်အအုံများ၊ အခန်းများနှင့် ဆိုင်ခန်းများအထိ ရှောင်တခင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ဆေးမှုအတွင်း မလေးရှားအာဏာပိုင်များက နိုင်ငံခြားသား စုစုပေါင်း (၃၂၀) ဦးကို စစ်ဆေးခဲ့ပြီးနောက် တရားဝင်အထောက်အထားမရှိသူ နိုင်ငံခြားသား

Horizons News
Jun 201 min read


အမေရိကန်-အီရန် ဆွေးနွေးပွဲများ ဖျက်သိမ်း၊ အစ္စရေး၏ တိုက်ခိုက်မှုများကို ကန့်ကွက်ပြီး ဟော်မုဇ်ရေလက်ကြားကို အီရန်စီမံမည်
နိုင်ငံတကာ၊ ဇွန် ၁၉ ၊ Horizons အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများနှင့်ပတ်သက်၍ ဆွေးနွေးပွဲများကို ဆွစ်ဇာလန်နိုင်ငံ၌ ယနေ့ (သောကြာနေ့) တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် အနေဖြင့် သွားရောက်တော့မည် မဟုတ်ကြောင်းနှင့် ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ သဘောတူညီချက်များကို အပြီးသတ်ရန် အမေရိကန်နှင့် အီရန်တို့သည် ရက်ပေါင်း (၆၀) အချိန်ယူ လုပ်ဆောင်လျက်ရှိပြီး အချက် (၁၄) ချက်ပါ သဘောတူညီချက်ကိ

Horizons News
Jun 191 min read


ရတ်ချ်ဘူရီခရိုင်ရှိ မြန်မာစစ်ဘေးရှောင်များအား နေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ် စတင်ထုတ်ပေး
ထိုင်း၊ ဇွန် ၁၈ ၊ Horizons ထိုင်း-မြန်မာနယ်စပ်၊ ရတ်ချ်ဘူရီခရိုင်ရှိ ဘန်းထမ့်ဟင်း ဒုက္ခသည်စခန်းမှ မြန်မာစစ်ဘေးရှောင် (၃၀၀) ကျော်ကို ထိုင်းအာဏာပိုင်များက တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိမည့် ပန်းရောင်ကတ် (ထိုင်းနိုင်ငံသားမဟုတ်သည့် မှတ်ပုံတင်ကတ်) များကို ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်နေ့တွင် ပထမဆုံးအသုတ်အဖြစ် စတင်ထုတ်ပေးလိုက်သည်။ အဆိုပါ ပန်းရောင်ကတ်တွင် QR Code ပါရှိပြီး သက်တမ်း (၁) နှစ် သတ်မှတ်ပေးထားကာ သက်ဆိုင်ရာ သတ်မှတ်နယ်မြေအတွင်းသာ သွားလာခွင့်နှင့် အလုပ်လုပ်ခွင့် ရရှိမည်ဖြ

Horizons News
Jun 181 min read


ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှားရှိ အဓိက ရေနံချက်စက်ရုံကြီး မီးလောင်ပျက်စီး
မော်စကို၊ ဇွန် ၁၇ ၊ Horizons ယူကရိန်းနိုင်ငံ၏ အဝေးထိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ၏ တတိယအကြီးဆုံး ရေနံထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော ‘Gazprom Neft’ ပိုင်ဆိုင်သည့် မော်စကို ရေနံချက်စက်ရုံဝင်းအတွင်းရှိ အဓိကစက်ရုံတစ်ရုံ ပြင်းထန်စွာ မီးလောင်ပျက်စီးသွားခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဘျာနင်က ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။ ယခု ဒရုန်းတိုက်ခိုက်မှုသည် ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀ ခန့်) အကွာအဝေးမှနေ၍ အောင်မြင်စွာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့ခြင်

Horizons News
Jun 171 min read
bottom of page