top of page
သတင်း


ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ကြီးနိုင်ပြီး ဘီးလင်းနှင့် သံလွင်မြစ်ရေ အတက်ကြမ်းနိုင်၍ ပြည်သူများ အရေးပေါ် ကြိုတင်ပြင်ဆင်ထားရန် သတိပေး
ရန်ကုန် ၊ ဇူလိုင် ၁၁ ၊ Horizons မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အများအပြားတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ပြီး ဘီးလင်းမြစ်ရေနှင့် သံလွင်မြစ်ရေများ အတက်ကြမ်းနိုင်သည့်အတွက် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အရေးပေါ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် အထူးသတိပေး နှိုးဆော်ထားသည်။ ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းမှစတင်ကာ အထူးသဖြင့် ကရင်ပြည်နယ် ဘားအံခရိုင်၊ မြဝတီခရိုင်နှင့် မွန်ပြည်နယ် ကျိုက်ထိုခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်

Horizons News
Jul 111 min read


မလှိုင်မြို့နယ်တွင် စစ်ကောင်စီ တပ်မ (၉၉) စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်၊ ၄ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ
မလှိုင် ၊ ဇူလိုင် ၁၁ ၊ Horizons မန္တလေးတိုင်း၊ မလှိုင်မြို့မှ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော စစ်ကောင်စီ၏ တပ်မ (၉၉) ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာနှင့် ကျောက်တွင်းကျေးရွာကြားတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူး

Horizons News
Jul 111 min read


မင်းပြားမြို့ မှာ ရေမြင့်တက်နေဆဲ
ရခိုင်၊ ဇူလိုင် ၁၁ ၊ Horizons ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ရေမြင့်တက်နေဆဲလို့ ဒေသခံသတင်းရင်းမြစ်အပြောအရ သိရပါတယ်။ မင်းပြားမြို့ပေါ်က ဦးစိုးတင့်ရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ ပြည်တော်လှရပ်ကွက်က ပြည်သူနေအိမ်တွေက ရေမြင့်တက်မှုကြောင့် ပျက်စီးတယ်လို့ ဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ရေမြင့်တက်လို မင်းဖူးချောင်း နဲ့ ပန်းမြောင်ကြီးချောင်းတို့က ရေကြီးနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မင်းပြားမြို့နယ်က မြို့ပေါ် ရပ်ကွက် ရှစ်ခု နဲ့ ရွာပေါင်း ၃၀ ကျော်က ရေဘေးသင့် နေတာ ဖ

Horizons News
Jul 111 min read


မင်းအောင်လှိုင်ကို ဘုရင်မျိုးရိုးဟု မြှောက်ပင့်ခဲ့သည့် ဒေါက်တာဖေဉာဏ် အသတ်ခံရမှု တရားခံမမိသေး၍ ဌာနပေါင်းစုံပါဝင်သော စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း
ရန်ကုန် ၊ ဇူလိုင် ၁၁ ၊ Horizons စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အား ကုန်းဘောင်အနွယ်ဝင် ဘုရင်မျိုးရိုးဟု မြှောက်ပင့်ပြောဆိုလေ့ရှိသူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုဖြစ်စဉ်တွင် သီတင်းတစ်ပတ်ကျော်ကြာသည်အထိ တရားခံ ဖမ်းဆီးရမိခြင်း မရှိသေးသောကြောင့် မှုခင်းရဲတပ်ဖွဲ့ (CID)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်) နှင့် စစ်တပ်တို့ပါဝင်သော ဌာနပေါင်းစုံ ပူးပေါင်းစုံစမ်းရေးအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နေရကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များထံမှ သိရသည်။ အာဏာရှင်ဟောင်းများဖြစ်ကြသည့် ဦးသန်းရွှ

Horizons News
Jul 111 min read


ပက်ထရီယော့ ဒုံးခွင်းဒုံးများ ထုတ်လုပ်ရန် ဂျပန်ထံမှ အကူအညီရယူရေး ယူကရိန်းသမ္မတ စဉ်းစားနေ
ကိယက်ဗ် ၊ ဇူလိုင် ၁၁ ၊ Horizons ယူကရိန်းနိုင်ငံအနေဖြင့် ပက်ထရီယော့ (Patriot) ဒုံးခွင်းဒုံးများ ထုတ်လုပ်ရာတွင် ဂျပန်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်သွားရန် စိတ်ဝင်စားမှုရှိနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြောကြားလိုက်သည်။ တူရကီနိုင်ငံ၊ အန်ကာရာမြို့တွင် ကျင်းပလျက်ရှိသော နေတိုး (NATO) ထိပ်သီးအစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပက်ထရီယော့ ဒုံးခွင်းဒုံးများ ထုတ်လုပ်ရန် အမေရိကန်ဘက်က ယူကရိန်းအား လိုင်စင်ခွင့်ပြုချက် ပေးသွားမည်ဖြစ်ကြော

Horizons News
Jul 111 min read


မောတောင်မြို့တွင် တိုက်ပွဲပြန်လည်ဖော်ဆောင်ရန် တော်လှန်ရေးတပ်ဖွဲ့ အသင့်ရှိနေ၊ စစ်ကောင်စီတပ်သား ၅၀၀ ကျော် ချေမှုန်းနိုင်ခဲ့ပြီး လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်
တနင်္သာရီ ၊ ဇူလိုင် ၁၁ ၊ Horizons တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ရန် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အသင့်အနေအထားရှိနေပြီဖြစ်ပြီး ပြည်သူများ လိုက်နာရမည့် လုံခြုံရေးသတိပေးချက်များကို BLACK COBRA COLUMN က အသိပေး ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မောတောင်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ စစ်ကောင်စီက တနင်္သာရီ-မောတောင်လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များက လူအင်အာ

Horizons News
Jul 111 min read


မယ်ရီနို၏ နောက်ကျအနိုင်ဂိုးဖြင့် ဘယ်လ်ဂျီယမ်ကို အနိုင်ယူကာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ စပိန် တက်ရောက်
လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၁၁ ၊ Horizons ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲအဖြစ် စနေနေ့ မနက် ၁:၃၀ တွင် လော့စ်အိန်ဂျလိစ် ကွင်းကြီး ၌ စပိန်နှင့် ဘယ်လ်ဂျီယမ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။ စပိန်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၃၀ မိနစ်တွင် ဖေဘီယန် ရုဇ် နှင့် ၈၈ မိနစ်တွင် လူစားဝင်ကစားသမား မယ်ရီနို တို့က သွင်းယူပေးခဲ့ပြီး ဘယ်လ်ဂျီယမ်အသင်းအတွက် တလုံးတည်းသော ချေပဂို

Horizons News
Jul 111 min read


ဂွမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၍ ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၄ ဦး သေဆုံး
ဂွ ၊ ဇူလိုင် ၁၁ ၊ Horizons ရခိုင်ပြည်နယ် (အာရက္ခပြည်)၊ ဂွမြို့နယ်ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း အာရက္ခတပ်တော် (ULA/AA) က သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဂွမြို့နယ်၊ ပေါက်တူးကျေးရွာနှင့် ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာတို့ရှိ စာသင်ကျောင်းနှင့် ပြည်သူများနေထိုင်ရ

Horizons News
Jul 111 min read


၂၀၂၆ ခြောက်လတာအတွင်းမှာ အကြမ်းဖက်စစ်တပ်ကြောင့် အမျိုးသမီး ၃၃၂ ဦး သေဆုံး
ချင်းမိုင်၊ ဇူလိုင် ၁၁ ၊ Horizons မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၆ ခုနှစ် ခြောက်လတာအတွင်းမှာ အမျိုး သမီး ၃၃၂ ဦး သေဆုံးခဲ့တယ်လို့ Burmese Women’s Union က မနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ Burmese Women’s Union ကတော့ ဒီသေဆုံးသူ ၃၃၂ ဦးက လေကြောင်းတိုက်ခိုက်လို့ ၂၄၂ ဦး၊ မတရား သတ်ဖြတ်လို့ ၄၂ ဦး၊ လက်နက်ကြီးပစ်ခတ်လို့ ၂၉ ဦး၊ မိးရှို့သတ်ဖြတ်လို့ ၉ဦး၊ ကျည်ထိမှန်လို့ ၇ ဦး၊ မြေမြုပ်မိုင်းကြောင့် ၁ ဦး နဲ့ ဆေးကုသမှု မရရှိလို့ ၁ ဦး နဲ့ ပဋိပက္ခကာလအတွင်း လိင်ပိ

Horizons News
Jul 111 min read


အိုးဘိုအကျဉ်းဦးစီးဌာနက နိုင်ငံရေးအကျဉ်းသားတွေကို လူ့အခွင့်အရေး ချိုးဖောက်
မန္တလေး၊ ဇူလိုင် ၁၁ ၊ Horizons မန္တလေးတိုင်း၊ အိုးဘိုထောင်မှာ အကျဉ်းဦးစီးဌာန၊ အကစဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသား တွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေး (AJF CC – MDY )က မနေ့ညက ထုတ်ပြန်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တွေအနေနဲ့ အိုးဘိုထောင်အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက နိုင်ငံရေး အကျဉ်း သားတွေရဲ့ အိပ်ဆောင်တွေကို ဝင်ပြီး ပါဆယ်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်

Horizons News
Jul 111 min read


ချောက်မြို့နယ်မှာ တန်ပြန်တိုက်ခိုက်ခံရလို့ ပြည်သူ့ကာကွယ်ရေးရဲဘော် အယောက်နှစ်ဆယ် ကျဆုံး
မကွေး၊ ဇူလိုင် ၁၀ ၊ Horizons မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဆယ်က အကြမ်းဖက်စစ်တပ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်နှစ် ဦးက အတည်ပြုပေးပါတယ်။ အကြမ်းဖက်စစ်တပ်လော်ဘီတွေက ရေနံချောင်း - ချောက်မြို့နယ်အစပ်မှာ PDF စခန်းကို ဒုရဲမှူးကြီးကျော်သူ ဦးဆောင်တဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းတပ်ခွဲ ၁ က စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြနေပါတယ်။ ဒေသခံစစ်ရေးသတင်းရင်းမြစ်က “ အရေအတွက် အတိအကျတော့ မသိရသေ

Horizons News
Jul 101 min read


ဂွမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံး
ဂွ ၊ ဇူလိုင် ၁၀ ၊ Horizons ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ ဒုက္ခရောက်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာန (APM) ၏ ဖော်ပြချက်အရ သိရပါတယ်။ ယနေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ်တစ်စင်းသည် ဂွမြို့နယ်၊ ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာသို့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင

Horizons News
Jul 101 min read


ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဆူဆိုက်ငါးစီး နဲ့ MI 35 သုံးပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
စစ်ကိုင်း၊ ဇူလိုင် ၁၀ ၊ Horizons စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဆူဆိုက်ဒရုန်းငါးစီး နဲ့ MI 35 သုံးပြီး လေကြောင်း တိုက်ခိုက်လို့ ဒေသခံပြည်သူတွေ ရှောင်နေရတယ်လို့ မြောင်သတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။ ဒီနေ့နေလယ် ၁၁ နာရီခွဲခန့်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တက် ဆူဆိုက်ဒရုန်းငါးစီးနဲ့ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက မှန်ချို ကျေးရွာ နဲ့ ငါးယှန်ကျေးရွာကြားကို တိုက်ခိုက်ခဲ့ တာ ဖြစ်ပါတယ်။ မြောင်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက “ စခန်းရှိ

Horizons News
Jul 101 min read


စစ်ကိုင်းမြို့နယ်ရှိ လဝကရုံးနှင့် စစ်ကောင်စီယာဉ်တန်းကို လင်းယုန်ညီနောင်တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်
စစ်ကိုင်း ၊ ဇူလိုင် ၁၀ ၊ Horizons စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်တန်းတို့ကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကိုင်းမြို့ရှိ တပ်မ (၃၃) သို့ မောင်းနှ

Horizons News
Jul 101 min read


ငွေ ၁ သိန်းထုတ်လျှင် ဝန်ဆောင်ခ ၁ သောင်းကျော်အထိ ပေးနေရ၍ ရခိုင်ပြည်သူများ အခက်ကြုံနေ
ရခိုင် ၊ ဇူလိုင် ၁၀ ၊ Horizons စစ်ဘေး၊ ရေဘေးနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို တစ်ပြိုင်နက်တည်း ခံစားနေရသည့် ရခိုင်ပြည်သူများမှာ ဘဏ်စနစ်ထိန်းချုပ်ခံရမှုနှင့် ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှုများကြောင့် ငွေထုတ်ယူခ ၁ သိန်းလျှင် ၁ သောင်းကျပ်ကျော်အထိ စံချိန်တင် အဆမတန် ပေးဆောင်နေရကြောင်း သိရပါတယ်။ ရခိုင်ဒေသအတွင်း စစ်ကောင်စီ၏ တင်းကျပ်သည့် ဖြတ်တောက်မှုများကြောင့် KBZ Pay နှင့် Special Account များအပါအဝင် အဓိက အွန်လိုင်းဘဏ်အကောင့်အချို့ ဆက်တိုက် ပိတ်သိမ်းခံခဲ့ရပါတယ်။ ထိုသို့ ပိတ်သိမ်

Horizons News
Jul 101 min read


စစ်ကောင်စီကို အသိအမှတ်မပြုရန် ဝါရှင်တန်ဒီစီရှိ လာအိုနှင့် တရုတ်သံရုံးတို့ရှေ့တွင် မြန်မာ့အရေးလှုပ်ရှားသူများ ဆန္ဒပြ
ဝါရှင်တန်ဒီစီ ၊ ဇူလိုင် ၁၀ ၊ Horizons မြန်မာစစ်အာဏာရှင်ကို တရားဝင်အသိအမှတ်ပြု ဆက်ဆံရန် ကြိုးပမ်းနေမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ လာအိုသံရုံးနှင့် တရုတ်သံအမတ်ကြီး၏ နေအိမ်ရှေ့တို့တွင် မြန်မာ့အရေးဆောင်ရွက်နေသူများက သွားရောက် ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြပါတယ်။ ဒေသစံတော်ချိန် ဇူလိုင်လ ၉ ရက်နေ့က ဝါရှင်တန်ဒီစီအခြေစိုက် လာအိုသံရုံး၊ တရုတ်သံအမတ်နေအိမ်နှင့် မြန်မာသံရုံးတို့တွင် မြန်မာ့အရေးလှုပ်ရှားသူများ စုပေါင်းကာ...

Horizons News
Jul 101 min read


မြဝတီတောင်ပိုင်းတွင် လေကြောင်းဗုံးကြဲမှု ပြင်းထန်နေ၍ ထိုင်း-မြန်မာနယ်စပ် လုံခြုံရေးတိုးမြှင့်ကာ အရေးပေါ် သတိပေးချက် ထုတ်ပြန်
မြဝတီ ၊ ဇူလိုင် ၁၀ ၊ Horizons ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးအခြေအနေ ပြင်းထန်စွာ တင်းမာလာနေပြီး ထိုင်းစစ်တပ်နှင့် လုံခြုံရေးအာဏာပိုင်များက ယနေ့ (ဇူလိုင် ၁၀ ရက်) တွင် အရေးပေါ်လုံခြုံရေးသတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ယနေ့ ဇူလိုင် ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံဘက်အခြမ်း မြဝတီမြို့နယ်၊ ဝေါလေနှင့် မင်းလက်ပံနယ်မြေများကို စစ်ကောင်စီတပ်က မနေ့ညပိုင်းမှစ၍.

Horizons News
Jul 101 min read


ရခိုင်ပြည်နယ်က မြို့ရှစ်မြို့မှာ ရေကြီး နေ
ရခိုင်၊ ဇူလိုင် ၁၀ ၊ Horizons ရခိုင်ပြည်နယ်က မြို့ ရှစ်မြို့မှာ ရေကြီးနေတယ်လို့ စာရေးဆရာဝေဟင်အောင်က Horizons News ကို ပြောပါတယ်။ အာရက္ခအစိုးရကလည်း ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး နဲ့ မင်းပြားမြို့နယ်တို့မှာ မိုးကြီးနေတာကြောင့် ရပ်ကွက်/ ကျေးရွာ ခုနစ်ဆယ်နဲ့ အထက် ရေနစ်မြုပ်နေတယ်လို့ မနေ့(ဇူလိုင် ၉) က ထုတ်ပြန်ထားပါတယ်။ စာရေးဆရာဝေဟင်အောင်က လူသေဆုံးမှုနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။ “လူသေဆုံးမှုရှိတယ်။ တစ်နေ့က လူသေဆုံးမှ သုံးဦး

Horizons News
Jul 101 min read


ရခိုင်နှင့် ချင်းတွင် မိုးကြီးမြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၊ မြောက်ဦးတွင် ရွာပေါင်း ၂၆ ရွာနှင့် ရပ်ကွက် ၁၁ ခု ရေအောက်ရောက်နေ
ရခိုင်/ချင်း ၊ ဇူလိုင် ၁၀ ၊ Horizons ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် အခြားပြည်နယ်များတွင် မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုသဘာဝဘေးဒဏ်များကို ပြင်းထန်စွာ ခံစားနေရပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် လေးမြို့မြစ်ရေ မြင့်တက်လာမှုနှင့်အတူ တောင်ကျရေများပါ စီးဆင်းလာသောကြောင့် လက်ရှိတွင် ကျေးရွာပေါင်း ၂၆ ရွာနှင့် မြို့ပေါ်ရပ်ကွက် ၁၁ ခုထက်မနည်း ရေနစ်မြုပ်နေကြောင်း ဒေသခံမျာ

Horizons News
Jul 101 min read


စပိန်နှင့် ဘယ်လ်ဂျီယမ်တို့ ထိပ်တိုက်တွေ့ဆုံမည့် ၂၀၂၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
ရန်ကုန် ၊ ဇူလိုင် ၁၀ ၊ Horizons ဥရောပထိပ်သီးအသင်းနှစ်သင်းဖြစ်သည့် စပိန်နှင့် ဘယ်လ်ဂျီယမ်အသင်းတို့သည် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တက်ခွင့်အတွက် ကွာတားဖိုင်နယ်အဆင့်တွင် အကြိတ်အနယ် ထိပ်တိုက်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါတယ်။ စပိန်အသင်းသည် ရှုံးထွက် (၁၆) သင်းအဆင့်တွင် ပေါ်တူဂီအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ယူကာ ယခုအဆင့်သို့ တက်ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံသည့် ကစားဟန်၊ စိတ်ရှည်လက်ရှည် တိုက်စစ်တည်ဆောက်မှုနှင့် အလယ်တန်းထိန်းချုပ်နိုင်စွမ်းတို့က ယခုကမ္ဘာ့ဖလ

Horizons News
Jul 101 min read
bottom of page