top of page
ပြည်တွင်းသတင်း
ပြည်တွင်းသတင်းများဦ ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော အခြေအနေများကို အမှန်ကန်ဆုံးတင်ဆက်ပေးနေသည်။


မြိုင်-ပေါက်အစပ် ကျွဲတွင်းရွာဘက်သို့ စစ်ကြောင်းထိုးနေသဖြင့် ရေနံမှော်များ လေကြောင်းရန် အထူးသတိပြုရန် နှိုးဆော်
မြိုင် ၊ ဇူလိုင် ၁၆ ၊ Horizons မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ဝါးရင်းချိုင်ကျေးရွာဘက်သို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇူလိုင်လ ၁၆ ရက်) နေ့လယ်ပိုင်းတွင် မြောက်ဘက်ရှိ ကျွဲတွင်းကျေးရွာဘက်သို့ ဦးတည်၍ ဆက်လက်ထွက်ခွာလာကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်က ထုတ်ပြန်ထားသည်။ အဆိုပါစစ်ကြောင်းအတွက် ရိက္ခာသယ်ဆောင်လာသည့် ကားတန်းမှာ ယမန်နေ့ကတည်းက အမှတ် (၂) အခြေခံလူသုံးကုန်ပစ္စည်းစက်ရုံ (စက်မှု - ၂) အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင်လည်း

Horizons News
2 days ago1 min read


Equality Myanmar တည်ထောင်ခြင်း (၂၆) နှစ်ပြည့် အထိမ်းအမှတ်သို့ AAPP သဝဏ်လွှာပေးပို့
ရန်ကုန် ၊ ဇူလိုင် ၁၆ ၊ Horizons နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က Equality Myanmar အဖွဲ့အစည်း တည်ထောင်ခြင်း (၂၆) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာတစ်ရပ်ကို ပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ သဝဏ်လွှာတွင် Equality Myanmar အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် လွန်ခဲ့သော (၂၆) နှစ်ကတည်းက စတင်ကာ လူ့အခွင့်အရေး ယဉ်ကျေးမှု ထွန်းကားပြန့်ပွားစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ပညာပေးခြင်း၊ မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်း လုပ်ငန

Horizons News
2 days ago1 min read


ရန်ကုန်တိုင်းအတွင်း (၇၉) နှစ်မြောက် အာဇာနည်နေ့ လူထုလှုပ်ရှားမှုများကို စောင့်ကြည့်ရန် စစ်ကောင်စီ ညွှန်ကြား၊ ပဲပြုတ်နှင့်နံပြား ကျွေးမည့်အိမ်များကိုပါ မှတ်တမ်းတင်ခိုင်း
ရန်ကုန် ၊ ဇူလိုင် ၁၆ ၊ Horizons လာမည့် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံး၌ ပြည်သူလူထု၏ လှုပ်ရှားမှုများ ရှိ၊ မရှိ စောင့်ကြည့်သတင်းပေးရန်နှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းရန် စစ်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့များကို အမိန့်ပေး ညွှန်ကြားထားကြောင်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နယ်လုံဝန်ကြီးတို့က မြို့နယ်ထွေအုပ်ရုံးမျ

Horizons News
2 days ago1 min read


ရတခထံ တော်လှန်ရေးရဲဘော် ၄၁ ဦး အလင်းဝင်ဟု စစ်ကောင်စီ ဝါဒဖြန့်၊ KNA တပ်ဖွဲ့ဝင်များသာဖြစ်နိုင်ဟု သုံးသပ်ကြ
မော်လမြိုင် ၊ ဇူလိုင် ၁၆ ၊ Horizons မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ထံသို့ တော်လှန်ရေးရဲဘော် (၄၁) ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ယနေ့ (ဇူလိုင်လ ၁၆ ရက်) ၌ ဖော်ပြထားသည်။ သို့သော် အဆိုပါဖြစ်စဉ်မှာ စစ်ကောင်စီက တော်လှန်ရေးအင်အားစုများအကြား စိတ်ဓာတ်ပျက်ပြားစေရန် လုပ်ကြံဝါဒဖြန့်မှုတစ်ခုသာ ဖြစ်နိုင်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ထောက်ပြကြသည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အလင်းဝင်လာသူများသည်.

Horizons News
2 days ago1 min read


ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာတဲ့အကြမ်းဖက်စစ်တပ်ရေယာဉ်တန်းက ဖလက်ခွံတစ်စီး နစ်မြုပ်
စစ်ကိုင်း၊ ဇူလိုင် ၁၆ ၊ Horizons စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ထဲမှာ အကြမ်းဖက်စစ်တပ်ရေယာဉ်အုပ်စုက ဖလက်ခွံတစ်စီး နစ်မြုပ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက Horizon News ကို ပြောပါတယ်။ ဒေသခံတစ်ဦးက “တိုက်ပွဲက ဖြစ်နေတုန်း ရှိသေးတယ်။ လေယာဉ်တွေ AS လုပ်တာ နှစ်ခါရှိပြီ။ နောက်တွဲ တစ် စီးက လုံးလုံးမြုပ်သွားပြီတဲ့ဗျ” လို့ ပြောပါတယ်။ ဒီနေ့ နေလယ်ပိုင်းမှာ ဖောင်းပြင်မြို့နယ်ထဲက ကယားရွာ နဲ့ သာစည်ရွာကြား၊ ချင်းတွင်းမြစ်ထဲက အကြမ်းဖက်စစ် တပ်ရေယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ

Horizons News
2 days ago1 min read


ကျောက်တော်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာ (၁၀) ရွာမှ ဒေသခံများအား ULA/AA နှင့် စောမဲကျီဖောင်ဒေးရှင်း ပူးပေါင်း၍ စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ ထောက်ပံ့
ကျောက်တော် ၊ ဇူလိုင် ၁၆ ၊ Horizons အာရက္ခပြည် (ရခိုင်ပြည်နယ်)၊ ကျောက်တော်မြို့နယ်အတွင်း ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် ကျေးရွာ (၁၀) ရွာမှ ဒေသခံပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် စောမဲကျီဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ စားနပ်ရိက္ခာများနှင့် အသုံးအဆောင်ပစ္စည်းများကို ဇူလိုင်လ ၁၄ ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ကျောက်တော်မြို့နယ်အတွင်း ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည့် ပညာဝ၊ တောင်ပေါက်၊ ကံသုံးဆင့်၊ နီချေ၊ လမုလက်နက်၊ ကန်ချေပြင်၊

Horizons News
2 days ago1 min read


စစ်ကောင်စီပူးပေါင်းတပ်၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် လေးကေကော်အနီးရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးခြေကုပ်စခန်းတစ်ခု လက်လွှတ်ခဲ့ရ
မြဝတီ ၊ ဇူလိုင် ၁၆ ၊ Horizons ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်အနီး မင်းလက်ပံနှင့် ဖလူးဒေသများတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် တစ်ပတ်ကျော်ကြာ ပြန်လည်စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် စစ်ရေးအရ အရေးပါသော ကုန်းတစ်ခုကို လက်လွှတ်ခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များနှင့် စစ်တပ်ထောက်ခံသူများ၏ လူမှုကွန်ရက်ဖော်ပြချက်များအရ သိရသည်။ လေးကေကော်မြို့သစ်အနီးရှိ မင်းလက်ပံနှင့် ဖလူးဒေသတို့ကို ပြန်လည်စိုးမိုးနိ

Horizons News
2 days ago1 min read


ပေါက်တောမြို့နယ် မနော်သီရိရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံ (၂) ဦး ဒဏ်ရာရ
ပေါက်တော ၊ ဇူလိုင် ၁၆ ၊ Horizons ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ မနော်သီရိကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ညနေပိုင်းတွင် လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ (၂) ဦး ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ ၁၅ ရက် ညနေ ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မနော်သီရိရွာဆိပ်ကမ်းကို တစ်ကြိမ်၊ ညနေ ၇ နာရီ ၃၀ မိနစ်ခန့်တွင် ရွာအတွင်းသို့ တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်တိုင်တိုင် ဗုံးသီး (၃) လုံး ကြဲချတိုက်ခိုက်ခ

Horizons News
2 days ago1 min read


ရေတာရှည်မြို့နယ်၌ စစ်မှုထမ်းအကြောင်းပြ၍ လူငယ်များကို ပေါ်တာဆွဲကာ ငွေညှစ်နေမှုများဖြစ်ပွား၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်လူကြီးတို့ ပူးပေါင်းလုပ်ဆောင်နေဟုဆို
ရေတာရှည် ၊ ဇူလိုင် ၁၆ ၊ Horizons ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကာသန်းနှင့် ၎င်းတရားမဝင်ခန့်အပ်ထားသည့် ထောင်ထွက်လူသတ်သမား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်ဇော်အောင် (ခ) ပေါင်ချိန်တို့ ပူးပေါင်းကာ ဒေသခံလူငယ်များကို စစ်မှုထမ်းအကြောင်းပြ၍ နေ့စဉ်ပေါ်တာဆွဲဖမ်းဆီးကာ ငွေကျပ်သိန်း (၁၅၀) အထိ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်နေကြောင်း မိသားစုဝင်များနှင့် ဒေသခံများထံမှ သိရသည်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကာသန်းသည် ရာထူးခန့်အပ်ရန် သတ်မှတ်ချက်နှင့် မညီညွတ်သည့်အပ

Horizons News
2 days ago1 min read


မင်းပြားရေဘေးသင့်ပြည်သူများကို အာရက္ခအစိုးရက ကျန်းမာရေးစောင့်ရှောက်မှုနှင့် သောက်သုံးရေများ ကူညီပံ့ပိုး
မင်းပြား ၊ ဇူလိုင် ၁၆ ၊ Horizons ရခိုင်ပြည်နယ်အတွင်း ရေဘေးဒဏ်ခံစားနေရသည့် မြို့နယ်များမှ ဒေသခံပြည်သူများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ သွားရောက်လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ မင်းပြားမြို့နယ်အတွင်း ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာအများအပြား ရေကြီးနစ်မြုပ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုသို့ ရေဘေးသင့်ခဲ့သည့် ပြင်ယောင်းကျေးရွာအပါအဝင် အခြားသော ကျေးရွာအချိ

Horizons News
2 days ago1 min read


CRPH က ကုလသမဂ္ဂရုံးချုပ်မှာ နိုင်ငံတကာပါလီမန်များအဖွဲ့ - IPU ပွဲကို တက်ရောက်ပြီး မြန်မာပြည်သူ တွေကို ဆက်လက်ပံ့ပိုးကူညီဖို့ တိုက်တွန်း
ချင်းမိုင်၊ ဇူလိုင် ၁၆ ၊ Horizons အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့နယ်၊ ကုလသမဂ္ဂရုံးချုပ်မှာ နိုင်ငံတကာပါလီမန်များအဖွဲ့ - IPU ဆွေးနွေးပွဲကို တက်ရောက်ပြီး မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးကူညီပေးဖို့ တိုက်တွန်းတယ်လို့ Committee Representing Pyidaungsu Hluttaw – CRPH က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ CRPH က ဆွေးနွေးပွဲပထမပိုင်းမှာ စစ်အာဏာသိမ်းပြီးနှစ်တွေအတွင်း သန်းနဲ့ချီမြန်မာပြည်သူတွေ နေရပ်စွန့်ခွာ နေရတာ၊ လူနေအိမ်၊ စာသင်ကျောင်းတွေ နဲ့ ကျန်းမာရေးအဆောက်အအုံ၊ အများပြည်သူဆိုင်ရာ အဆောက်

Horizons News
2 days ago1 min read


ကျောင်းကြိုပို့ဗန်ကားနှင့် ဆီဒန်ကား ထိပ်တိုက်တိုက်မိ၊ ကျေးရွာလူကြီးဟောင်းတစ်ဦး သေဆုံးပြီး ကျောင်းသားအပါအဝင် (၂) ဦး ဒဏ်ရာရ
ဖိဆနုလောက် ၊ ဇူလိုင် ၁၆ ၊ Horizons ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖိဆနုလောက် (Phitsanulok) ခရိုင်တွင် ယနေ့ (ဇူလိုင်လ ၁၆ ရက်) နံနက်ပိုင်းက ကျောင်းကြိုပို့ဗန်ကားတစ်စီးနှင့် ဆီဒန်ကားတစ်စီးတို့ ထိပ်တိုက် မျက်နှာချင်းဆိုင် ပြင်းထန်စွာ တိုက်မိမှုကြောင့် လူတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က ဖိဆနုလောက်မြို့နယ်၊ ဘဉ်းဖရ (Bueng Phra) တိုက်နယ်ရှိ ဘဉ်းဖရ-ဝမ်နမ်ဆိုင်း လမ်းမပေါ်တွင် ငွေမှင်ရောင်

Horizons News
2 days ago1 min read


ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅၀ နီးပါး သေဆုံးပြီး အရာရှိ ၂၀ အပါအဝင် အများအပြား ဖမ်းမိဟု NUG ထုတ်ပြန်
ရန်ကုန် ၊ ဇူလိုင် ၁၆ ၊ Horizons ပြီးခဲ့သည့် ဇွန်လအတွင်း နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ဇွန်လတစ်လတာအတွင်း စစ်ကောင်စီဘက်မှ ၆၄၄ ဦး သေဆုံးခဲ့ပြီး ၂၀၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ဖမ်းဆီးရမိသူများနှင့် ဒဏ်ရာရရှိသူများထဲတွင် စစ်ကောင်စီအရာရှိ (၂၀) ဦး ပါဝင်ကြောင်း သိရသည်။ ထို့အပြင် ဇွန်လအတွင်း

Horizons News
2 days ago1 min read


ရေးမြို့၌ PDF ထောက်ပို့ဟုစွပ်စွဲကာ ဖမ်းဆီးခံရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦး ပြန်လွတ်ပြီး ကျန်တစ်ဦး အမှုဖွင့်ခံရမည့်အရေး ကြုံနေ
ရေး ၊ ဇူလိုင် ၁၆ ၊ Horizons မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ဒေသခံအမျိုးသမီးနှစ်ဦးအနက် မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မိထွေး ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်အမျိုးသမီးတစ်ဦးမှာမူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က အစင်ကျေးရွာအတွင်း ဝင်ရောက်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အား ထောက်ပံ့နေ

Horizons News
2 days ago1 min read


အကြမ်းဖက်စစ်တပ် တိုက်ခိုက်လို့ ဇွန်လအတွင်းမှာ အရပ်သား ၃၇၄ ဦး သေဆုံး
MOD၊ ဇူလိုင် ၁၆ ၊ Horizons အကြမ်းဖက်စစ်တပ်ရဲ့ ဇွန်လတစ်လ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအနှံ့က ထိခိုက်သေဆုံးမှုနဲ့ ဘာသာရေးအဆောက်အအုံတွေနဲ့ ပြည်သူနေအိမ်ပျက်စီးမှုအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနက ဒီနေ့မှာ အသိပေးပါတယ်။ ဇွန်လတစ်လတာမှာ အကြမ်းဖက်စစ်တပ် တိုက်ခိုက်မှုကြောင့် အရပ်သား ၃၄၀ ဦး နဲ့ ကလေးသူငယ် ၃၄ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ပြည်သူက ၃၇၁ ဦးအထိ ရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး( NUG ) က ဆိုပါတယ်။ အလားတူ နေအိမ်ပေါင်း ၁၂၅၅ လုံးနဲ့ ဘာသာရေး

Horizons News
2 days ago1 min read


စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုကြောင့် ဖလမ်းတွင် စစ်တပ်ပိုင် MEC ဆင်းမ်ကတ်များဖြင့် အဆမတန် ခေါင်းပုံဖြတ် ငွေညှစ်နေ
ဖလမ်း ၊ ဇူလိုင် ၁၆ ၊ Horizons ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ကာ သတင်းအမှောင်ချထားမှုကြောင့် ပြည်သူများ အခက်အခဲကြုံတွေ့နေရပြီး လက်ရှိတွင် စစ်တပ်ထုတ်ကုန်ဖြစ်သော MEC ဆင်းမ်ကတ်များကို ကျပ်သိန်းချီအထိ အဆမတန် ဈေးတင်ကာ ခေါင်းပုံဖြတ် ရောင်းချမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ တော်လှန်ရေးအင်အားစုများ ဆင်နွှဲခဲ့သော ဖလမ်းမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတ

Horizons News
2 days ago1 min read


သွင်းကုန်ကန့်သတ်သည့် မူဝါဒများကြောင့် မွေးမြူရေးကုန်ကြမ်းရှားပါးကာ ကြက်သားနှင့် ကြက်ဥဈေးနှုန်းများ စံချိန်တင် မြင့်တက်
ရန်ကုန် ၊ ဇူလိုင် ၁၆ ၊ Horizons စားနပ်ရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ရန် စစ်ကောင်စီအကြီးအကဲက မကြာခဏ ပြောဆိုနေသော်လည်း လက်တွေ့မြေပြင်တွင် ဗဟိုဘဏ်၏ ဒေါ်လာထိန်းချုပ်မှုနှင့် သွင်းကုန်ကန့်သတ်မှုများကြောင့် တိရစ္ဆာန်ဆေးဝါးနှင့် အစာကုန်ကြမ်းများ ပြတ်လပ်ကာ ယခုရက်ပိုင်းအတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိသည်။ ရန်ကုန်မြို့တွင်း ဈေးကွက်များ၌ ယခုတစ်ပတ် တနင်္လာနေ့မှစတင်၍ အသားစား CP ကြက်သား ရင်ပုံသား (၁၀) သားလျှင် ယခင် ၂,၃၀၀ ကျပ်မှ ၃,၀၀၀ ကျပ် (

Horizons News
2 days ago1 min read


AA နယ်မြေ ပေါက်တောနှင့် ဂွမြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၊ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ
ရခိုင်ပြည်နယ် ၊ ဇူလိုင် ၁၆ ၊ Horizons အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် ဂွမြို့နယ်တို့ရှိ အရပ်သားများ နေထိုင်ရာ ဒေသများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိသည်။ ဇူလိုင်လ ၁၅ ရက် ညနေ ၇ နာရီကျော် အမှောင်ပျိုးစအချိန်တွင် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာတစ်စီးသည် ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာပေါ်သို့ လာရောက်၍ ဗုံးသီး (၂) လုံး ကြဲချခ

Horizons News
2 days ago1 min read


တရားစီရင်ရေးကဏ္ဍတွင် AI စနစ်အသုံးပြုရန် စစ်ကောင်စီ ပြင်ဆင်နေမှုအပေါ် မေးခွန်းထုတ်မှုများရှိနေ
နေပြည်တော် ၊ ဇူလိုင် ၁၆ ၊ Horizons နေပြည်တော်တွင် ဇူလိုင်လ ၁၄ ရက် (အင်္ဂါနေ့) က ပြုလုပ်ခဲ့သည့် တရားရုံးအဆင့်ဆင့်၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားစီရင်ရေးကဏ္ဍတွင် နည်းပညာသစ်များ၊ အထူးသဖြင့် AI (Artificial Intelligence) စနစ်ကို စတင်အကောင်အထည်ဖော် အသုံးပြုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် AI နည်းပညာကို တရားစီရင်ရေး၌ အသုံးပြုလာကြသည့်အတွက် မြန်မာနိုင်ငံတွင်လည်း ၎င်းနည်းပညာကို အက

Horizons News
2 days ago1 min read


တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် အချိန်မကျသေးကြောင်းနှင့် မြန်မာ့အရေးကို မြန်မာတို့သာ ဦးဆောင်ရမည်ဖြစ်ကြောင်း SCEF ထုတ်ပြန်
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် အခြေအနေမပေးသေးကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို မြန်မာနိုင်ငံသားများကသာ ဦးဆောင်ရမည်ဖြစ်ကြောင်း ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်သော

Horizons News
3 days ago1 min read
bottom of page