top of page
ပြည်တွင်းသတင်း
ပြည်တွင်းသတင်းများဦ ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော အခြေအနေများကို အမှန်ကန်ဆုံးတင်ဆက်ပေးနေသည်။


ထန်တလန်ကို အလုံးစုံထိန်းချုပ်နိုင်ပြီဆိုသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ ဝါဒဖြန့်မှုသာဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု CDF ပြော
ထန်တလန် ၊ ဇူလိုင် ၁၇ ၊ Horizons ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း ယင်းထုတ်ပြန်ချက်မှာ ဝါဒဖြန့်ချိရေးသဘောသာဖြစ်ပြီး မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-ထန်တလန် (CDF–Thantlang) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကောင်စီလက်အောက်ခံ မီဒီယာများက ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်တွင် ထန်တလန်မြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၁၂ ရက်မှစတင်သည့် ထိုးစစ်အတွင်း မ

Horizons News
22 hours ago1 min read


တရုတ်နိုင်ငံ ချုံချင်းမြို့တွင် မြေပြိုမှုဖြစ်ပွားပြီး အဆောက်အအုံများပိမိ၊ လူ (၇) ဦးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း ပိတ်မိနေသူဦးရေကို အတည်မပြုနိုင်သေး
ချုံချင်း ၊ ဇူလိုင် ၁၇ ၊ Horizons တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ချုံချင်းမြို့ရှိ ဝူးကျန်းမြစ်ဘေးတွင် ယနေ့ (ဇူလိုင်လ ၁၇ ရက်) ၌ မြေပြိုမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး လူနေအဆောက်အအုံအချို့ မြေပိမိသွားခဲ့ရာ အပျက်အစီးများအောက်တွင် ပိတ်မိနေသူဦးရေကို အတည်မပြုနိုင်သေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ် လုပ်ဆောင်နေရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။ အဆိုပါ မြေပြိုမှုသည် ချုံချင်းမြို့၊ ဖုန်းရွှေခရိုင်၊ ဟန်ကျားရပ်ကွက်တွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည

Horizons News
22 hours ago1 min read


တိုက်ပွဲမရှိဘဲ ဖာပွန်နှင့် မြိုင်-ပေါက်နယ်စပ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၊ စာသင်ကျောင်းနှင့် နေအိမ် (၁၃) လုံး ပျက်စီး
ရန်ကုန် ၊ ဇူလိုင် ၁၇ ၊ Horizons ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွဲလိုမြို့နယ်ရှိ ထီးလောသီထာကျေးရွာနှင့် မကွေးတိုင်း၊ မြိုင်-ပေါက်မြို့နယ်အစပ်ရှိ ရေနံမှော်ဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းတစ်ကျောင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ် (၁၃) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ Karen Peace Support Network ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည် ဖာပွန်ခရိုင်၊ ဒွဲလိုမြို့န

Horizons News
1 day ago1 min read


မော်လိုက်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး အုပ်စုဖွဲ့လုပ်ကြံခံရ၊ ထောင်အာဏာပိုင်များ ဘက်လိုက်အရေးယူမှုကြောင့် လုံခြုံရေးစိုးရိမ်ရဟု PPNM ထုတ်ပြန်
ကလေး ၊ ဇူလိုင် ၁၇ ၊ Horizons စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ မော်လိုက်အကျဉ်းထောင်အတွင်း ရာဇဝတ်အကျဉ်းသားများ၏ အုပ်စုဖွဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်အပေါ် ထောင်အာဏာပိုင်များက ဘက်လိုက်ကာ ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ (ဇူလိုင်လ ၁၇ ရက်) တွင် သတင်းထုတ်ပြန်လိုက်သည်။ တိုက်ခိုက်ခံရသူမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများအပါအဝင် ပုဒ်မ ၅၀(ည)၊ ၅၁(က)၊ ၅၀(ဈ)၊...

Horizons News
1 day ago1 min read


ရေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ ကာကင်းစခန်းကို MSRF ဝင်ရောက်တိုက်ခိုက်
ရေး ၊ ဇူလိုင် ၁၇ ၊ Horizons မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၃၁) လက်အောက်ခံ ကာကင်းစခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ခွဲ (၁) မှ ရဲဘော်များက ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) နံနက်ပိုင်းတွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် အင်အား (၂၀) ဝန်းကျင် တပ်စွဲထားသော အဆိုပါ စစ်ကောင်စီကာကင်းစခန်းကို တော်လှန်ရေးရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ

Horizons News
1 day ago1 min read


ဖားကန့်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဥရုချောင်းရေတက်လာသဖြင့် မြို့လယ်အနိမ့်ပိုင်းနှင့် ကျောက်ဝိုင်းလမ်းပိုင်းတို့၌ ရေကြီးရေလျှံမှုဖြစ်ပွား
ဖားကန့် ၊ ဇူလိုင် ၁၇ ၊ Horizons ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယမန်နေ့ညပိုင်းကတည်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက်ပိုင်းမှစတင်ကာ ဥရုချောင်းရေ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ ချောင်းရေ ရုတ်တရက်တက်လာမှုကြောင့် ဖားကန့်မြို့လယ်ရှိ အနိမ့်ပိုင်းဒေသများနှင့် ဖားကန့်ကျောက်ဝိုင်းလမ်းပိုင်းတို့တွင် ရေကျော်ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ရှိနေသည်။ လက်ရှိတွင် ရေကြီ

Horizons News
1 day ago1 min read


မန္တလေးတွင် ပြည်သူ့နေအိမ်များအား ကျူးကျော်ဟုဆိုကာ ဖျက်ဆီးသိမ်းယူခဲ့သည့် မြေနေရာများကို စစ်တပ်က ဂရမ်ထုတ်၍ ပြန်လည်ရောင်းချ၊ သိန်းသောင်းချီ ဈေးပေါက်နေ
မန္တလေး ၊ ဇူလိုင် ၁၇ ၊ Horizons မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ကျူးကျော်အဖြစ် သတ်မှတ်ကာ ဘူဒိုဇာများဖြင့် ဖျက်ဆီးသိမ်းယူခဲ့သည့် မြေနေရာများကို စစ်တပ်က နှစ် (၃၀) ဂရမ်မြေအဖြစ် ပြောင်းလဲကာ ပြန်လည်ရောင်းချနေပြီး ပေ ၄၀ × ၆၀ မြေကွက်တစ်ကွက်လျှင် အနိမ့်ဆုံး ကျပ်သိန်း (၁၀,၀၀၀) မှ (၃၅,၀၀၀) အထိ ဈေးပေါက်နေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ လမ်းနှင့် ၄၈ လမ်းပတ်ဝန်းကျင်ရှိ ငွေတော်က

Horizons News
1 day ago1 min read


တော်လှန်ရေးအဖွဲ့အစည်းများ၏ QR ကုဒ်ကိုအသုံးချကာ NUG Pay စလစ်တုဖြင့် ငွေလိမ်လည်နေသည့် Mi Su အကောင့်ပိုင်ရှင်အကြောင်း သတိပေးချက်
မြိုင် ၊ ဇူလိုင် ၁၇ ၊ Horizons စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် Royal Brother Defence Force (RBDF) တပ်ဖွဲ့မှ ရဲဘော်လှချောင်က ၎င်းတို့တပ်ဖွဲ့ ရင်ဆိုင်ခဲ့ရသည့် NUG Pay စလစ်တုဖြင့် ငွေကြေးလိမ်လည်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး အခြားသော မြေပြင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ထောက်ပို့မိဘပြည်သူများ သိရှိစေရန် ဖော်ထုတ်သတိပေးလိုက်သည်။ ဖြစ်စဉ်မှာ Facebook Account အမည် "Mi Su" အသုံးပြုသည့် အမျိုးသမီးတစ်ဦးက မိမိကိုယ်ကိုယ် ကာကွယ်ရေးဝန်ကြီးဌာန (MOH) လက်အောက်ခံ ဆေးဝါးထောက်ပို့၊ စစ်ဒေ

Horizons News
1 day ago1 min read


စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု PNFC ပယ်ချ၊ နိုင်ငံတကာအာမခံချက်မရှိဘဲ စစ်တပ်နှင့် ဆွေးနွေးရန် မဖြစ်နိုင်ဟု ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ဆို
ချင်းမိုင် ၊ ဇူလိုင် ၁၆ ၊ Horizons စစ်ကောင်စီက ဇူလိုင်လကုန်တွင် ပြုလုပ်ရန် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာန (Kyodo News) နှင့် အင်တာဗျူးတွင် ၎င်းက ထိုသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့ PNFC အပြင် အခြားသော အဓိက တော်လှန်ရေးအင်အားစုများကလည်း စစ်

Horizons News
1 day ago1 min read


ဖယ်ခုံတွင် စစ်ဘေးရှောင်ကလေးငယ် (၁၂၀) ကျော် တိုက်ပွဲကြား ရုန်းကန်ပညာသင်နေရ၊ အကူအညီများ အရေးပေါ်လိုအပ်နေ
ဖယ်ခုံ ၊ ဇူလိုင် ၁၇ ၊ Horizons ရှမ်းပြည်နယ်နှင့် ကရင်နီ (ကယား) ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သော်လည်း စစ်ဘေးရှောင်ကလေးငယ် (၁၂၀) ကျော်သည် စာသင်နှစ်တစ်နှစ်အတွင်း နေရာအကြိမ်ကြိမ် ပြောင်းရွှေ့ကာ ပညာသင်ကြားမှုကို မပြတ်မကွက် ဆက်လက်ရုန်းကန်နေကြရကြောင်း သိရသည်။ ရှေ့တန်းစစ်မြေပြင်နှင့် နီးကပ်လွန်းသည့် အဆိုပါ ဖယ်ခုံစစ်ဘေးရှောင် မူလတန်းကျောင်းငယ်လေးသည် လုံခြုံရေးအခြေအနေကြောင့် အတည်တကျ ကျောင်းဆောင်ဆောက်လုပ်နိုင်ခြင်းမရှိဘဲ မိုးကာစများဖြင့် ယာယီဆောက်လုပ်ထား

Horizons News
1 day ago1 min read


ရွှေပြည်သာ Bontech စက်ရုံတွင် လုပ်ခတောင်းဆိုသည့် သမဂ္ဂခေါင်းဆောင်နှင့် အဖွဲ့ဝင်များကို ဆက်တိုက်အလုပ်ထုတ်၊ အလည ဖြေရှင်းမှု ကြန့်ကြာနေ၍ ဝေဖန်မှု မြင့်တက်
ရန်ကုန် ၊ ဇူလိုင် ၁၇ ၊ Horizons ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Bontech Manufacturing Co., Ltd အထည်ချုပ်စက်ရုံတွင် အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို စက်ရုံစီမံခန့်ခွဲမှုပိုင်းက အကြောင်းပြချက်အမျိုးမျိုးရှာကာ ယခုသီတင်းပတ်အတွင်း စံချိန်တင် အလုပ်ထုတ်ပယ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့်

Horizons News
1 day ago1 min read


ဖလမ်းမြို့တွင် ပျောက်ဆုံးနေသည့် ပညာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိ
ဖလမ်း ၊ ဇူလိုင် ၁၇ ၊ Horizons ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ရက်ပိုင်းမျှ ပျောက်ဆုံးနေခဲ့သည့် ခရိုင်ပညာရေးရုံးဝန်ထမ်း Pu Pate ၏ ရုပ်အလောင်းအား ဇူလိုင်လ ၁၅ ရက်နေ့က Vankau ရပ်ကွက်ရှိ RC ဘုရားကျောင်းအနီး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ရုပ်အလောင်းကို တွေ့ရှိချိန်တွင် ဒဏ်ရာပြင်းထန်စွာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး မျက်နှာနှင့် ခန္ဓာကိုယ်မှာ မှတ်မိနိုင်ခြင်းမရှိတော့ဘဲ ၎င်းဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်ရှု၍သာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခဲ့ရသည်။ အဆိုပ

Horizons News
1 day ago1 min read


၂၀၂၀ ရွေးကောက်ပွဲတွင် တရုတ် ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု ထရမ့် စွပ်စွဲ၊ အမေရိကန် ထောက်လှမ်းရေး တွေ့ရှိချက်များနှင့် ဆန့်ကျင်နေ
ဝါရှင်တန် ၊ ဇူလိုင် ၁၇ ၊ Horizons အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲတွင် တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ပြသနေသည့် ထောက်လှမ်းရေးအချက်အလက်များကို ဇူလိုင်လ ၁၆ ရက်နေ့က လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ်ပြန်မှုသည် ရွေးကောက်ပွဲရလဒ်ကို ပေကျင်းက ပြောင်းလဲခဲ့သည့် အထောက်အထားမတွေ့ရဟု အမေရိကန်ထောက်လှမ်းရေးအဖွဲ့က အကဲဖြတ်ထားမှုနှင့် ဆန့်ကျင်လျက်ရှိနေသည်။ (၂၅) မိနစ်ကြာ ပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေ

Horizons News
1 day ago1 min read


ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား (၂) ဦး သေဆုံးပြီး ဈေးဆိုင်များ ပျက်စီး
ညောင်လေးပင် ၊ ဇူလိုင် ၁၇ ၊ Horizons ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး ဈေးဆိုင် (၂) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မူးမြို့နယ်အတွင်းရှိ ဟီအူးကျေးရွာ၊ ရှဲဒေးကျေးရွာနှင့် မီးရထားကျေးရွာများပေါ်သို့ ဗုံးသီးအလုံး (၂၀) ထက်မနည်း

Horizons News
1 day ago1 min read


မန္တလေးတွင် ငလျင်လှုပ်ခတ်သဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ အဆောက်အအုံများအတွင်းမှ အလျင်အမြန် ထွက်ပြေးရ
မန္တလေး ၊ ဇူလိုင် ၁၇ ၊ Horizons မန္တလေးမြို့တွင် ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက် ၇ နာရီ ၅၄ မိနစ်မှ ၇ နာရီ ၅၆ မိနစ်အတွင်း သိသာသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ နေအိမ်များ၊ တိုက်ခန်းများနှင့် လုပ်ငန်းခွင်များအတွင်းမှ အလျင်အမြန် ထွက်ပြေးခဲ့ကြရကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ ယနေ့ လှုပ်ခတ်သော ငလျင်မှာ လှုပ်ရှားမှုအတော်အသင့်ပြင်းထန်ကာ ကြာမြင့်ချိန်လည်း ရှိသဖြင့် ပြည်သူများကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ "မနက် ၇

Horizons News
1 day ago1 min read


မြိုင်တွင် စစ်တပ်စစ်ကြောင်းကြောင့် အရပ်သား (၄) ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး နေအိမ်များစွာ မီးလောင်ပျက်စီး
မြိုင် ၊ ဇူလိုင် ၁၆ ၊ Horizons မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုသီတင်းပတ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံအရပ်သား အမျိုးသား (၄) ဦးကို ညှဉ်းပန်းနှိပ်စက်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးခံခဲ့ရသည်ဟု ယူဆရသည့် အဆိုပါ အရပ်သားများ၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) တွင် မြင်းကိုးသစ်ကျေးရွာနှင့

Horizons News
2 days ago1 min read


မူဆယ်တွင် ပျောက်ဆုံးနေသည့် (၂) နှစ်အရွယ် ကလေးငယ် ရေကန်တစ်ခုအတွင်း ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိ
မူဆယ် ၊ ဇူလိုင် ၁၆ ၊ Horizons ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ပျောက်ဆုံးနေသည့် အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူ ကလေးငယ်မှာ မူဆယ်မြို့၊ စက်မှုရပ်ကွက်တွင် နေထိုင်သည့် မောင်စန်းဖြိုးမောင် (၂ နှစ်) ဖြစ်ပြီး ၎င်းသည် ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ညနေ ၄ နာရီခန့်ကတည်းက နေအိမ်မှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မိသားစုနှင့် ပတ်ဝန်းကျင်က လိုက်လံရှာဖွေမှုများ ပြု

Horizons News
2 days ago1 min read


ဘီးလင်းမြို့ရှိ ရေဘေးရှောင်ပြည်သူများကို နေရပ်ပြန်ရန် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က အတင်းအကျပ် မောင်းထုတ်
ဘီးလင်း ၊ ဇူလိုင် ၁၆ ၊ Horizons မွန်ပြည်နယ်၊ ဘီးလင်းမြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် လာရောက်ခိုလှုံနေသည့် ရေဘေးသင့်ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က နေရပ်သို့ပြန်ကြရန် အတင်းအကျပ် ဖိအားပေးမောင်းထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း ရေဘေးသင့်ပြည်သူများနှင့် ဒေသခံများထံမှ သိရသည်။ ဘီးလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်လာပြီး ဒေသခံပြည်သူ (၁၀,၀၀၀) နီးပါး ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။ ထိုအထဲမှ ရေဘေးသင

Horizons News
2 days ago1 min read


မြိုင်-ပေါက်အစပ် ကျွဲတွင်းရွာဘက်သို့ စစ်ကြောင်းထိုးနေသဖြင့် ရေနံမှော်များ လေကြောင်းရန် အထူးသတိပြုရန် နှိုးဆော်
မြိုင် ၊ ဇူလိုင် ၁၆ ၊ Horizons မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ဝါးရင်းချိုင်ကျေးရွာဘက်သို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇူလိုင်လ ၁၆ ရက်) နေ့လယ်ပိုင်းတွင် မြောက်ဘက်ရှိ ကျွဲတွင်းကျေးရွာဘက်သို့ ဦးတည်၍ ဆက်လက်ထွက်ခွာလာကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်က ထုတ်ပြန်ထားသည်။ အဆိုပါစစ်ကြောင်းအတွက် ရိက္ခာသယ်ဆောင်လာသည့် ကားတန်းမှာ ယမန်နေ့ကတည်းက အမှတ် (၂) အခြေခံလူသုံးကုန်ပစ္စည်းစက်ရုံ (စက်မှု - ၂) အတွင်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ယနေ့နံနက်ပိုင်းတွင်လည်း

Horizons News
2 days ago1 min read


Equality Myanmar တည်ထောင်ခြင်း (၂၆) နှစ်ပြည့် အထိမ်းအမှတ်သို့ AAPP သဝဏ်လွှာပေးပို့
ရန်ကုန် ၊ ဇူလိုင် ၁၆ ၊ Horizons နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က Equality Myanmar အဖွဲ့အစည်း တည်ထောင်ခြင်း (၂၆) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာတစ်ရပ်ကို ပေးပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ သဝဏ်လွှာတွင် Equality Myanmar အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် လွန်ခဲ့သော (၂၆) နှစ်ကတည်းက စတင်ကာ လူ့အခွင့်အရေး ယဉ်ကျေးမှု ထွန်းကားပြန့်ပွားစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ ပညာပေးခြင်း၊ မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်း လုပ်ငန

Horizons News
2 days ago1 min read
bottom of page