top of page
သတင်း


မွန်ပြည်နယ်တွင် စက်သုံးဆီ တကျော့ပြန် ပြတ်လပ်၊ ဆိုင်အများစု အရောင်းပိတ်ထားရသဖြင့် ဒေသခံများ အကျပ်ရိုက်နေ
မော်လမြိုင် ၊ ဇူလိုင် ၁၈ ၊ Horizons မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် ယခု ဇူလိုင်လ တတိယပတ်မှစတင်ကာ စက်သုံးဆီများ တကျော့ပြန်ပြတ်လပ်မှုနှင့် ပြန်လည်ကြုံတွေ့နေရပြီး ဆီဆိုင်အများစု အရောင်းပိတ်ထားရသဖြင့် ဒေသခံပြည်သူများမှာ လူမှုစီးပွားရေး အကျပ်အတည်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ပြည်နယ်မြို့တော် မော်လမြိုင်အပါအဝင် ပေါင်၊ သထုံနှင့် မုဒုံစသည့် မြို့နယ်များရှိ စက်သုံးဆီဆိုင်အများစုတွင် အောက်တိန်း (၉၂)၊ (၉၅) ဓာတ်ဆီများနှင့် ပရီမီယံဒီဇယ်ဆီများပါ ပြတ်လပ်နေခြင်းဖြစ်သည်။ လက်ရှိတွင

Horizons News
5 hours ago1 min read


အင်းတော်ကြီးဒေသရှိ စစ်ကောင်စီနှင့် SNA ပူးပေါင်းစခန်းကို KIA နှင့် KPDF မဟာမိတ်တပ်များ ပြန်လည်တိုက်ခိုက်သိမ်းပိုက်
မိုးညှင်း ၊ ဇူလိုင် ၁၈ ၊ Horizons ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ ပူးပေါင်းတပ်စွဲထားရာ လုံးတုံစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက်ပိုင်းတွင် အောင်မြင်စွာ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ လုံးတုံဒေသတွင် ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်တို့၌ နှစ်ရက်တိုင်တိုင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခ

Horizons News
5 hours ago1 min read


ကန့်ဘလူတွင် ခရီးသွားများထံမှ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ကို ပကဖ ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ (၅) ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ
ကန့်ဘလူ ၊ ဇူလိုင် ၁၇ ၊ Horizons စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်းရှိ ခရီးသွားပြည်သူများထံမှ နေ့စဉ် ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ကန့်ဘလူခရိုင် ပကဖနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ (၅) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီခွဲဝန်းကျင်တွင် ကာဘိုးတိုက်နယ်စခန်းမှ ထွက်လာပြီး ကျီကုန်းလမ်းပေါ်တွင

Horizons News
17 hours ago1 min read


စစ်ခေါင်းဆောင်သမီး ကြိုးကိုင်သည့် ရွှေ (၄၉၀) ပိဿာခန့် မှောင်ခိုရောင်းချ၍ ငွေကြေးခဝါချမည့် လျှို့ဝှက်ချက် ပေါက်ကြား
ရန်ကုန် ၊ ဇူလိုင် ၁၇ ၊ Horizons စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏သမီးဖြစ်သူ ခင်သီရိသက်မွန် (ခ) မီးငယ် ကိုယ်တိုင် နောက်ကွယ်မှ စီမံညွှန်ကြားပြီး ထိုင်း၊ လာအိုနှင့် ဟောင်ကောင်နိုင်ငံများမှတစ်ဆင့် ရွှေ (၈၀၀) ကီလိုဂရမ် (၄၉၀ ပိဿာခန့်) မှောင်ခိုတင်ပို့ကာ ငွေကြေးခဝါချရန် ကြိုးပမ်းခဲ့သည့် လျှို့ဝှက်အစီအစဉ်တစ်ခု ပေါက်ကြားလာခဲ့သည်။ အဆိုပါ အရောင်းအဝယ်မှာ အမေရိကန်ဒေါ်လာ (၄၈) သန်းကျော် (မြန်မာငွေ ဘီလီယံချီ) တန်ဖိုးရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်း လျှို့ဝှက်လုပ်ဆောင

Horizons News
18 hours ago1 min read


ထန်တလန်ကို အလုံးစုံထိန်းချုပ်နိုင်ပြီဆိုသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ ဝါဒဖြန့်မှုသာဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု CDF ပြော
ထန်တလန် ၊ ဇူလိုင် ၁၇ ၊ Horizons ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း ယင်းထုတ်ပြန်ချက်မှာ ဝါဒဖြန့်ချိရေးသဘောသာဖြစ်ပြီး မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-ထန်တလန် (CDF–Thantlang) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ စစ်ကောင်စီလက်အောက်ခံ မီဒီယာများက ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်တွင် ထန်တလန်မြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၁၂ ရက်မှစတင်သည့် ထိုးစစ်အတွင်း မ

Horizons News
22 hours ago1 min read


တရုတ်နိုင်ငံ ချုံချင်းမြို့တွင် မြေပြိုမှုဖြစ်ပွားပြီး အဆောက်အအုံများပိမိ၊ လူ (၇) ဦးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း ပိတ်မိနေသူဦးရေကို အတည်မပြုနိုင်သေး
ချုံချင်း ၊ ဇူလိုင် ၁၇ ၊ Horizons တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ချုံချင်းမြို့ရှိ ဝူးကျန်းမြစ်ဘေးတွင် ယနေ့ (ဇူလိုင်လ ၁၇ ရက်) ၌ မြေပြိုမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး လူနေအဆောက်အအုံအချို့ မြေပိမိသွားခဲ့ရာ အပျက်အစီးများအောက်တွင် ပိတ်မိနေသူဦးရေကို အတည်မပြုနိုင်သေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ် လုပ်ဆောင်နေရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။ အဆိုပါ မြေပြိုမှုသည် ချုံချင်းမြို့၊ ဖုန်းရွှေခရိုင်၊ ဟန်ကျားရပ်ကွက်တွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၈ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည

Horizons News
22 hours ago1 min read


ကျောက်တော်တွင် ရေကြီးမှုကြောင့် ပျက်စီးသွားသည့် သောက်သုံးရေကန်များကို ULA/AA နှင့် ဒေသခံများ ပူးပေါင်းပြုပြင်
ကျောက်တော် ၊ ဇူလိုင် ၁၇ ၊ Horizons ရေကြီးရေလျှံမှုဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ဒေသတွင်း သောက်သုံးရေကန်များကို ပြန်လည်အသုံးပြုနိုင်ရေး သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA/AA) နှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ ရေကြီးမှုဒဏ်ခံခဲ့ရသည့် ကျောက်တော်မြို့နယ်၊ စပါးဆိပ်သီရိကျေးရွာနှင့် ရွှေတလှည

Horizons News
23 hours ago1 min read


တိုက်ပွဲမရှိဘဲ ဖာပွန်နှင့် မြိုင်-ပေါက်နယ်စပ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၊ စာသင်ကျောင်းနှင့် နေအိမ် (၁၃) လုံး ပျက်စီး
ရန်ကုန် ၊ ဇူလိုင် ၁၇ ၊ Horizons ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွဲလိုမြို့နယ်ရှိ ထီးလောသီထာကျေးရွာနှင့် မကွေးတိုင်း၊ မြိုင်-ပေါက်မြို့နယ်အစပ်ရှိ ရေနံမှော်ဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းတစ်ကျောင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ် (၁၃) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ Karen Peace Support Network ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည် ဖာပွန်ခရိုင်၊ ဒွဲလိုမြို့န

Horizons News
1 day ago1 min read


မော်လိုက်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး အုပ်စုဖွဲ့လုပ်ကြံခံရ၊ ထောင်အာဏာပိုင်များ ဘက်လိုက်အရေးယူမှုကြောင့် လုံခြုံရေးစိုးရိမ်ရဟု PPNM ထုတ်ပြန်
ကလေး ၊ ဇူလိုင် ၁၇ ၊ Horizons စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ မော်လိုက်အကျဉ်းထောင်အတွင်း ရာဇဝတ်အကျဉ်းသားများ၏ အုပ်စုဖွဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်အပေါ် ထောင်အာဏာပိုင်များက ဘက်လိုက်ကာ ထိရောက်စွာ အရေးယူခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ (ဇူလိုင်လ ၁၇ ရက်) တွင် သတင်းထုတ်ပြန်လိုက်သည်။ တိုက်ခိုက်ခံရသူမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများအပါအဝင် ပုဒ်မ ၅၀(ည)၊ ၅၁(က)၊ ၅၀(ဈ)၊...

Horizons News
1 day ago1 min read


ရေးမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီ ကာကင်းစခန်းကို MSRF ဝင်ရောက်တိုက်ခိုက်
ရေး ၊ ဇူလိုင် ၁၇ ၊ Horizons မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၃၁) လက်အောက်ခံ ကာကင်းစခန်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်ခွဲ (၁) မှ ရဲဘော်များက ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) နံနက်ပိုင်းတွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် အင်အား (၂၀) ဝန်းကျင် တပ်စွဲထားသော အဆိုပါ စစ်ကောင်စီကာကင်းစခန်းကို တော်လှန်ရေးရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ

Horizons News
1 day ago1 min read


ဖားကန့်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဥရုချောင်းရေတက်လာသဖြင့် မြို့လယ်အနိမ့်ပိုင်းနှင့် ကျောက်ဝိုင်းလမ်းပိုင်းတို့၌ ရေကြီးရေလျှံမှုဖြစ်ပွား
ဖားကန့် ၊ ဇူလိုင် ၁၇ ၊ Horizons ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယမန်နေ့ညပိုင်းကတည်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက်ပိုင်းမှစတင်ကာ ဥရုချောင်းရေ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ ချောင်းရေ ရုတ်တရက်တက်လာမှုကြောင့် ဖားကန့်မြို့လယ်ရှိ အနိမ့်ပိုင်းဒေသများနှင့် ဖားကန့်ကျောက်ဝိုင်းလမ်းပိုင်းတို့တွင် ရေကျော်ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ရှိနေသည်။ လက်ရှိတွင် ရေကြီ

Horizons News
1 day ago1 min read


မန္တလေးတွင် ပြည်သူ့နေအိမ်များအား ကျူးကျော်ဟုဆိုကာ ဖျက်ဆီးသိမ်းယူခဲ့သည့် မြေနေရာများကို စစ်တပ်က ဂရမ်ထုတ်၍ ပြန်လည်ရောင်းချ၊ သိန်းသောင်းချီ ဈေးပေါက်နေ
မန္တလေး ၊ ဇူလိုင် ၁၇ ၊ Horizons မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ကျူးကျော်အဖြစ် သတ်မှတ်ကာ ဘူဒိုဇာများဖြင့် ဖျက်ဆီးသိမ်းယူခဲ့သည့် မြေနေရာများကို စစ်တပ်က နှစ် (၃၀) ဂရမ်မြေအဖြစ် ပြောင်းလဲကာ ပြန်လည်ရောင်းချနေပြီး ပေ ၄၀ × ၆၀ မြေကွက်တစ်ကွက်လျှင် အနိမ့်ဆုံး ကျပ်သိန်း (၁၀,၀၀၀) မှ (၃၅,၀၀၀) အထိ ဈေးပေါက်နေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ လမ်းနှင့် ၄၈ လမ်းပတ်ဝန်းကျင်ရှိ ငွေတော်က

Horizons News
1 day ago1 min read


တော်လှန်ရေးအဖွဲ့အစည်းများ၏ QR ကုဒ်ကိုအသုံးချကာ NUG Pay စလစ်တုဖြင့် ငွေလိမ်လည်နေသည့် Mi Su အကောင့်ပိုင်ရှင်အကြောင်း သတိပေးချက်
မြိုင် ၊ ဇူလိုင် ၁၇ ၊ Horizons စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် Royal Brother Defence Force (RBDF) တပ်ဖွဲ့မှ ရဲဘော်လှချောင်က ၎င်းတို့တပ်ဖွဲ့ ရင်ဆိုင်ခဲ့ရသည့် NUG Pay စလစ်တုဖြင့် ငွေကြေးလိမ်လည်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး အခြားသော မြေပြင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ထောက်ပို့မိဘပြည်သူများ သိရှိစေရန် ဖော်ထုတ်သတိပေးလိုက်သည်။ ဖြစ်စဉ်မှာ Facebook Account အမည် "Mi Su" အသုံးပြုသည့် အမျိုးသမီးတစ်ဦးက မိမိကိုယ်ကိုယ် ကာကွယ်ရေးဝန်ကြီးဌာန (MOH) လက်အောက်ခံ ဆေးဝါးထောက်ပို့၊ စစ်ဒေ

Horizons News
1 day ago1 min read


စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု PNFC ပယ်ချ၊ နိုင်ငံတကာအာမခံချက်မရှိဘဲ စစ်တပ်နှင့် ဆွေးနွေးရန် မဖြစ်နိုင်ဟု ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ဆို
ချင်းမိုင် ၊ ဇူလိုင် ၁၆ ၊ Horizons စစ်ကောင်စီက ဇူလိုင်လကုန်တွင် ပြုလုပ်ရန် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာန (Kyodo News) နှင့် အင်တာဗျူးတွင် ၎င်းက ထိုသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး မိမိတို့ PNFC အပြင် အခြားသော အဓိက တော်လှန်ရေးအင်အားစုများကလည်း စစ်

Horizons News
1 day ago1 min read


ဖယ်ခုံတွင် စစ်ဘေးရှောင်ကလေးငယ် (၁၂၀) ကျော် တိုက်ပွဲကြား ရုန်းကန်ပညာသင်နေရ၊ အကူအညီများ အရေးပေါ်လိုအပ်နေ
ဖယ်ခုံ ၊ ဇူလိုင် ၁၇ ၊ Horizons ရှမ်းပြည်နယ်နှင့် ကရင်နီ (ကယား) ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သော်လည်း စစ်ဘေးရှောင်ကလေးငယ် (၁၂၀) ကျော်သည် စာသင်နှစ်တစ်နှစ်အတွင်း နေရာအကြိမ်ကြိမ် ပြောင်းရွှေ့ကာ ပညာသင်ကြားမှုကို မပြတ်မကွက် ဆက်လက်ရုန်းကန်နေကြရကြောင်း သိရသည်။ ရှေ့တန်းစစ်မြေပြင်နှင့် နီးကပ်လွန်းသည့် အဆိုပါ ဖယ်ခုံစစ်ဘေးရှောင် မူလတန်းကျောင်းငယ်လေးသည် လုံခြုံရေးအခြေအနေကြောင့် အတည်တကျ ကျောင်းဆောင်ဆောက်လုပ်နိုင်ခြင်းမရှိဘဲ မိုးကာစများဖြင့် ယာယီဆောက်လုပ်ထား

Horizons News
1 day ago1 min read


ရွှေပြည်သာ Bontech စက်ရုံတွင် လုပ်ခတောင်းဆိုသည့် သမဂ္ဂခေါင်းဆောင်နှင့် အဖွဲ့ဝင်များကို ဆက်တိုက်အလုပ်ထုတ်၊ အလည ဖြေရှင်းမှု ကြန့်ကြာနေ၍ ဝေဖန်မှု မြင့်တက်
ရန်ကုန် ၊ ဇူလိုင် ၁၇ ၊ Horizons ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Bontech Manufacturing Co., Ltd အထည်ချုပ်စက်ရုံတွင် အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည့် အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို စက်ရုံစီမံခန့်ခွဲမှုပိုင်းက အကြောင်းပြချက်အမျိုးမျိုးရှာကာ ယခုသီတင်းပတ်အတွင်း စံချိန်တင် အလုပ်ထုတ်ပယ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့်

Horizons News
1 day ago1 min read


ဖလမ်းမြို့တွင် ပျောက်ဆုံးနေသည့် ပညာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိ
ဖလမ်း ၊ ဇူလိုင် ၁၇ ၊ Horizons ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ရက်ပိုင်းမျှ ပျောက်ဆုံးနေခဲ့သည့် ခရိုင်ပညာရေးရုံးဝန်ထမ်း Pu Pate ၏ ရုပ်အလောင်းအား ဇူလိုင်လ ၁၅ ရက်နေ့က Vankau ရပ်ကွက်ရှိ RC ဘုရားကျောင်းအနီး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ရုပ်အလောင်းကို တွေ့ရှိချိန်တွင် ဒဏ်ရာပြင်းထန်စွာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး မျက်နှာနှင့် ခန္ဓာကိုယ်မှာ မှတ်မိနိုင်ခြင်းမရှိတော့ဘဲ ၎င်းဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်ရှု၍သာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခဲ့ရသည်။ အဆိုပ

Horizons News
1 day ago1 min read


၂၀၂၀ ရွေးကောက်ပွဲတွင် တရုတ် ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု ထရမ့် စွပ်စွဲ၊ အမေရိကန် ထောက်လှမ်းရေး တွေ့ရှိချက်များနှင့် ဆန့်ကျင်နေ
ဝါရှင်တန် ၊ ဇူလိုင် ၁၇ ၊ Horizons အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲတွင် တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ပြသနေသည့် ထောက်လှမ်းရေးအချက်အလက်များကို ဇူလိုင်လ ၁၆ ရက်နေ့က လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ်ပြန်မှုသည် ရွေးကောက်ပွဲရလဒ်ကို ပေကျင်းက ပြောင်းလဲခဲ့သည့် အထောက်အထားမတွေ့ရဟု အမေရိကန်ထောက်လှမ်းရေးအဖွဲ့က အကဲဖြတ်ထားမှုနှင့် ဆန့်ကျင်လျက်ရှိနေသည်။ (၂၅) မိနစ်ကြာ ပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေ

Horizons News
1 day ago1 min read


ခလယ်လွီထူခရိုင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား (၂) ဦး သေဆုံးပြီး ဈေးဆိုင်များ ပျက်စီး
ညောင်လေးပင် ၊ ဇူလိုင် ၁၇ ၊ Horizons ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်)၊ မူးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး ဈေးဆိုင် (၂) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မူးမြို့နယ်အတွင်းရှိ ဟီအူးကျေးရွာ၊ ရှဲဒေးကျေးရွာနှင့် မီးရထားကျေးရွာများပေါ်သို့ ဗုံးသီးအလုံး (၂၀) ထက်မနည်း

Horizons News
1 day ago1 min read


မန္တလေးတွင် ငလျင်လှုပ်ခတ်သဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ အဆောက်အအုံများအတွင်းမှ အလျင်အမြန် ထွက်ပြေးရ
မန္တလေး ၊ ဇူလိုင် ၁၇ ၊ Horizons မန္တလေးမြို့တွင် ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက် ၇ နာရီ ၅၄ မိနစ်မှ ၇ နာရီ ၅၆ မိနစ်အတွင်း သိသာသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ နေအိမ်များ၊ တိုက်ခန်းများနှင့် လုပ်ငန်းခွင်များအတွင်းမှ အလျင်အမြန် ထွက်ပြေးခဲ့ကြရကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ ယနေ့ လှုပ်ခတ်သော ငလျင်မှာ လှုပ်ရှားမှုအတော်အသင့်ပြင်းထန်ကာ ကြာမြင့်ချိန်လည်း ရှိသဖြင့် ပြည်သူများကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ "မနက် ၇

Horizons News
1 day ago1 min read
bottom of page