top of page
သတင်း


တောင်ကိုရီးယားတွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် "အလွန်ပြင်းထန်သည့် အပူလှိုင်းသတိပေးချက်" ထုတ်ပြန်၊ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်
ဆိုးလ် ၊ ဇူလိုင် ၁၃ ၊ Horizons တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဂျောင်ဆန် (Gyeongsan) နှင့် ပိုဟန် (Pohang) မြို့များတွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ် (၁၀၂.၂ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်လာနိုင်သဖြင့် ကိုရီးယား မိုးလေဝသစီမံခန့်ခွဲရေးဌာန (KMA) က သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် "အလွန်ပြင်းထန်သည့် အပူလှိုင်းသတိပေးချက်" (Extreme Heat Warning) ကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယခုအသုံးပြုသည့် ရာသီဥတု သတိပေးချက်စနစ်သည် ပြီးခဲ့သည့် ဇွန်လအတွင်းကမှ စတင်မိတ်ဆက်ခ

Horizons News
5 days ago1 min read


မြောက်ဥက္ကလာပမြို့နယ်တွင် ဈေးရောင်းထွက်သည့် လူငယ် (၃) ဦးကို အခြားရပ်ကွက်မှ ဖမ်းဆီးကာ စစ်မှုထမ်းရန် ပို့ဆောင်
ရန်ကုန် ၊ ဇူလိုင် ၁၃ ၊ Horizons ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် နံနက်စောစော ဈေးရောင်းရန် နေအိမ်မှထွက်လာသည့် လူငယ် (၃) ဦးကို အခြားရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များက လမ်းခုလတ်၌ ဖမ်းဆီးကာ စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ပို့ဆောင်လိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်တွင် နေထိုင်သည့် အသက် (၂၃) နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသား (၃) ဦးသည် ဈေးရောင်းရန် ထွက်လာစဉ် ထ

Horizons News
5 days ago1 min read


ဂျနီဗာမြို့လူဦးရေထက် များပြားနေသည့် ကချင်စစ်ဘေးရှောင် အကျပ်အတည်းကို နိုင်ငံတကာမှ ချက်ချင်းအရေးယူပေးရန် KHRW တောင်းဆို
ကချင် ၊ ဇူလိုင် ၁၃ ၊ Horizons ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ဘေးရှောင်အကျပ်အတည်းနှင့် မြန်မာစစ်တပ်၏ နိုင်ငံတကာဥပဒေချိုးဖောက်မှုများအပေါ် နိုင်ငံတကာအသိုက်အဝန်းက ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) က ယနေ့ (ဇူလိုင်လ ၁၃ ရက်) တွင် တောင်းဆိုလိုက်သည်။ KHRW ၏ “လူသားမဆန်သော ရက်စက်သည့်လုပ်ရပ်များ” အမည်ရ အစီရင်ခံစာသစ်အရ ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ပြတစ်ခုလုံးရှိ လူဦးရေထက်

Horizons News
5 days ago1 min read


ရေဖြူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူတစ်ရာကို ဖမ်းဆီးထားပြီး ပြည်သူနေအိမ် မီးရှို့
တနင်္သာရီ၊ ဇူလိုင် ၁၃ ၊ Horizons တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က အင်အားခုနစ်ရာကျော်နဲ့ စစ်ကြောင်း ထိုးနေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဒီနေ့မှာ ပြောပါတယ်။ အဲဒီစစ်ကြောင်းက ပြီးခဲ့တဲ့ဇူလိုင် ၇ ရက်နေ့ကစပြီး စစ်ကြောင်းတွေ ခွဲပြီး ရေဖြူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ မနေ့နေလယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဧကနိကျေးရွာက ပြည်သူနေအိမ်တွေကို မီးရှိုဲခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ဝဇွမ်းတေကျေးရွာကို ဝ

Horizons News
5 days ago1 min read


တစ်နိုင်ငံလုံးကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ခေါင်းဆောင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ခေါင်းစဉ်တပ်ကာ ပြင်ဦးလွင်တွင် သစ်ပင်စိုက် ဟန်ပြ
ပြင်ဦးလွင် ၊ ဇူလိုင် ၁၃ ၊ Horizons နိုင်ငံတစ်ဝန်းရှိ ကျေးရွာများကို နေ့စဉ်နှင့်အမျှ မီးရှို့ဖျက်ဆီးကာ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့အိုးအိမ်စည်းစိမ်များကို ကြီးစွာသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကိုယ်၎င်း နိုင်ငံတော်သမ္မတဟု သမုတ်ကာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ပြီး ဟန်ပြဝါဒဖြန့်လျက်ရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် မိုးရာသီ

Horizons News
5 days ago1 min read


ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၆၄ သင်းအထိ ထပ်မံတိုးချဲ့ရေး ၂၀၂၆ ကမ္ဘာ့ဖလားအပြီးတွင် ဆွေးနွေးမည်ဟု ဖီဖာဥက္ကဋ္ဌ အတည်ပြု
ရန်ကုန် ၊ ဇူလိုင် ၁၃ ၊ Horizons ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျီယာနီ အင်ဖန်တီနို က ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၆၄ သင်းအထိ ထပ်မံတိုးချဲ့ ကျင်းပသွားရေးကိစ္စရပ်အား လက်ရှိ ကျင်းပနေသည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးပါက မဖြစ်မနေ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။ လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ အသင်းအရေအတွက်ကို ၄၈ သင်းအထိ တိုးချဲ့ကျင်းပခဲ့မှုမှာ အောင်မြင်မှုရရှိခဲ့သည်။ ထို့ကြောင့် လာမည့် နှစ် ၁၀၀ ပြည့်အဖြစ

Horizons News
5 days ago1 min read


စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် SCEF နှင့် People Movement Platform တို့ တွေ့ဆုံဆွေးနွေး
ရန်ကုန် ၊ ဇူလိုင် ၁၃ ၊ Horizons ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး လှုပ်ရှားမှုများအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဖြင့် စုစည်းဖွဲ့စည်းထားသော လူထုလှုပ်ရှားမှုစင်္ကြံ (People Movement Platform) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ အဆိုပါ တွေ့ဆုံပွဲတွင် SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်းက အဖွင့်

Horizons News
5 days ago1 min read


စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အဂတိလိုက်စားမှုနှင့် ကိုယ်ကျင့်တရားပျက်ပြားမှုများအပေါ် ဒေသခံများ မကျေမနပ်ဖြစ်နေ
စစ်ကိုင်း ၊ ဇူလိုင် ၁၂ ၊ Horizons စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလွင်သည် ရာထူးတည်မြဲရေးအတွက် သက်ဆိုင်ရာအာဏာပိုင်များကို ငွေကြေးပေးကမ်းခြင်း၊ ကျေးရွာပိုင်မြေများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခြင်းနှင့် ကိုယ်ကျင့်တရား ပျက်ပြားနေခြင်းတို့ကြောင့် ဒေသခံရွာသူရွာသားများအကြား ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ဦးစိုးလွင်သည် ယခင်အုပ်ချုပ်ရေးကာလကတည်းက ခန့်အပ်ခံထားရသူဖြစ်ပြီး ယခုတစ်ကြိမ် အုပ်ချုပ်ရေးမှူးရာထ

Horizons News
5 days ago1 min read


ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ပြည်သူများ၏ နွေဦးတော်လှန်ရေးကို 'အတွေးအခေါ်မှားယွင်းမှု' နှင့် 'ပညာရေးအားနည်းမှု' ဟု အကြမ်းဖက်စစ်ခေါင်းဆောင် စော်ကားပြောဆို
မင်းဘူး ၊ ဇူလိုင် ၁၃ ၊ Horizons မိမိကိုယ်ကို နိုင်ငံတော်သမ္မတအဖြစ် တရားမဝင် ခန့်အပ်ထားသည့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသည့် ပြည်သူများကို 'အတွေးအခေါ်မှားနေသူများ' ဟု သမုတ်ကာ ပြုပြင်ပေးရန်လိုအပ်ကြောင်း မင်းဘူးမြို့တွင် ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) က ပြောဆိုလိုက်သည်။ မင်းဘူးမြို့ သာသနာ့ဗိမာန်တော်၌ မြို့မိမြို့ဖများ၊ ၎င်း၏ လက်အောက်ခံ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ယခုကဲ့သို့.

Horizons News
5 days ago1 min read


SCEF နှင့် ဒေသဆိုင်ရာ CDM အဖွဲ့ ၈ ခု တွေ့ဆုံဆွေးနွေး၊ CDM နိုင်ငံ့ဝန်ထမ်းများ၏ လုံခြုံရေးနှင့် အခန်းကဏ္ဍဆိုင်ရာ အချက် ၉ ချက် တင်ပြတောင်းဆို
ရန်ကုန် ၊ ဇူလိုင် ၁၃ ၊ Horizons ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ဒေသဆိုင်ရာ CDM အဖွဲ့အစည်း ၈ ခုတို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တော်လှန်ရေးနှင့် ကြားကာလအတွင်း CDM နိုင်ငံ့ဝန်ထမ်းများ လုံခြုံစွာ တာဝန်ထမ်းဆောင်နိုင်ရေး အပါအဝင် အဓိကအချက် ၉ ချက်ကို တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၄ နာရီအချိန်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကချင်၊ ကရင်နီ၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊

Horizons News
5 days ago1 min read


လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်ပြီး ရေကြီး၊ မြေပြိုမှုအန္တရာယ်များ သတိပြုရန် နှိုးဆော်
ရန်ကုန် ၊ ဇူလိုင် ၁၃ ၊ Horizons လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အနောက်တောင်မုတ်သုံလေ အားကောင်းမှုတို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း လူမှုရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင်လ ၁၃ ရက်) တွင် သတိပေး ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော်နှင့် ပတ်သက်သည့် ရာသီဥတုအခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လ

Horizons News
5 days ago1 min read


မလေးရှားနိုင်ငံ ကလန်မြို့တွင် 'Op Mega' စစ်ဆင်ရေးဖြင့် မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသား ၁,၀၀၀ ကျော် ဖမ်းဆီးခံရ
ကလန် ၊ ဇူလိုင် ၁၃ ၊ Horizons မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်မြို့ (Klang) ရှိ ဘတ်စ်ကားဂိတ်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခန့်က မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ဦးဆောင်သော ဌာနစုံ ပူးပေါင်းအဖွဲ့က ‘Op Mega’ အမည်ရ အကြီးစား ရှောင်တခင် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား ၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုများအတွင်း မြန်မာနိုင်ငံသားမျ

Horizons News
5 days ago1 min read


ချင်းတွင်းမြစ်ထဲက အကြမ်းဖက်စစ်တပ် ရေယာဉ်တန်းက ကလေးဝမြို့နယ်ကနေ ဆက်လက်ထွက်ခွာ
စစ်ကိုင်း၊ ဇူလိုင် ၁၃ ၊ Horizons စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ကနေ မော်လိုက်မြို့နယ်ကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်ရေယာဉ် တန်းက ဆက်လက်ထွက်ခွာနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ် ဦးက Horizons News ကို ပြောပါတယ်။ မနေ့က ကလေးဝမြို့ကို ဆိုက်ကပ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ် စစ်ရေယာဉ်တန်းက ပြန်လည်ထူထောင်ရေးအတွက် ကုန်ပစ္စည်းတွေ ချခဲ့တယ်လို့ အဲဒီအခြေအနေကို သိတဲ့ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “ တာယာတွေ၊ အခြားကုန်ပစ္စည်းတွေ ဆီတွေ လေယာဉ်ဆီအပါ ကားဆီ အဆုံး...

Horizons News
5 days ago1 min read


ပေါင်းတလည် နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်ကာ သေဆုံး
ပြည် ၊ ဇူလိုင် ၁၃ ၊ Horizons ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ တောင်ပိုင်းရပ်ကွက်ရှိ နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ကာ သေဆုံးသွားခဲ့ကြောင်း စခန်းနှင့် နီးစပ်သူများထံမှ သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) ညနေ ၆ နာရီ ၃ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ ရဲတပ်သား ဟိန်းမင်းထက် ဆိုသူဖြစ်ပြီး ၎င်းသည် စခန်းမှူး၏ နေအိမ်လိုင်းခန်းအဟောင်းပေါ်တွင် မိမိကိုယ်ကိုယ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စခန်းန

Horizons News
5 days ago1 min read


ဘူးသီးတောင်တွင် ရေနစ်နေသည့် (၁၀) နှစ်အရွယ် မွတ်စလင်ကလေးငယ်တစ်ဦးကို ULA/AA ကယ်ဆယ်ရေးအဖွဲ့ အချိန်မီ ကယ်တင်
ဘူးသီးတောင် ၊ ဇူလိုင် ၁၃ ၊ Horizons ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့နေရစဉ် ရေနစ်နေသည့် အသက် (၁၀) နှစ်အရွယ် မွတ်စလင်ကလေးငယ်တစ်ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ကယ်ဆယ်ရေးအဖွဲ့က ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) တွင် အသက်ရှင်လျက် အချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကယ်တင်ခံရသည့် ကလေးငယ်မှာ ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်ကြသော ဖခင် ဦးအာဘူဆောင်းနှင့် မိခင် ဒေါ်ဖာတမာတို့၏ သားဖြစ်သူ မောင်အာရ်မာန် (အသက် ၁၀ နှစ်

Horizons News
5 days ago1 min read


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီး အရက်ဘားတစ်ခုတွင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွား၊ ၂၇ ဦးသေဆုံးပြီး ၂၂ ဦး စိုးရိမ်ရ
ဘန်ကောက် ၊ ဇူလိုင် ၁၃ ၊ Horizons ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကြီး အရက်ဘား (Pub) တစ်ခုတွင် ပြင်းထန်သော မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး အခြား ၆၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၂၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားသည်။ ယင်းဖြစ်စဉ်သည် မကြာသေးမီနှစ်များအတွင်း ဘန်ကောက်ခရီးသွားဗဟိုချက်တွင် ဖြစ်ပွားခဲ့သော အဆိုးရွားဆုံး မီးလောင်မှုကြီးတစ်ခုဖြစ်သည်။ တနင်္ဂနွေနေ့ ည ၁၁ နာရီ ၅၇ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပ

Horizons News
5 days ago1 min read


HERA Foundation မှ ကျောင်းသား၊ ကျောင်းသူ ၃၂ ဦးအတွက် ပညာသင်စရိတ်များ အောင်မြင်စွာ ထောက်ပံ့ပေးအပ်
ဇူလိုင် ၁၂ ၊ Horizons HERA Foundation ၏ ပညာသင်စရိတ် ထောက်ပံ့ခြင်းအစီအစဉ်မှတစ်ဆင့် ရွေးချယ်ခံထားရသော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂) ဦးအတွက် ပညာသင်စရိတ်များကို အောင်မြင်စွာ ပေးပို့ထောက်ပံ့နိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းထံမှ သိရသည်။ ထောက်ပံ့ကြေးရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများထံမှ ပြန်လည်ပေးပို့လာသော အမှတ်တရ ဓာတ်ပုံများနှင့် ကျေးဇူးတင်စကားများသည် ဖောင်ဒေးရှင်း၏ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များအတွက် ခွန်အားတစ်ရပ် ဖြစ်စေခဲ့သည်။ "သူတို့ရဲ့ အပြုံးများနဲ့ ကျေးဇူးတင

Horizons News
6 days ago1 min read


ရန်ကုန်မြို့ ကမ်းနားလမ်းအနီးတွင် ဆိုက်ကားနင်းနေစဉ် ဆိုက်ကားဆရာတစ်ဦး ရုတ်တရက် သေဆုံး
ရန်ကုန် ၊ ဇူလိုင် ၁၂ ၊ Horizons ရန်ကုန်မြို့၊ ကမ်းနားလမ်းအနီးတွင် ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက်အစောပိုင်းက ဆိုက်ကားဆရာတစ်ဦး ဆိုက်ကားနင်းနေစဉ် ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ အရွယ်ခန့်ရှိ အဆိုပါ ဆိုက်ကားဆရာသည် ခရီးသည်ပါဝင်ခြင်းမရှိဘဲ ဆိုက်ကားနင်းလာစဉ် လမ်းမပေါ်၌ပင် ဦးခေါင်းငိုက်စိုက်ကျကာ ရုတ်တရက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူတ

Horizons News
6 days ago1 min read


မြန်မာ့အရေး ထိုင်းမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံ
ချင်းမိုင်၊ ဇူလိုင် ၁၂ ၊ Horizons ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံပွဲကို ဒီနေ့ နေလယ်ပိုင်းမှာ လုပ်နေပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်တယ်လို့ BBC Burmese က အသိပေးပါတယ်။ ဒီတွေ့ဆုံပွဲက အာဆီယံအလှည့်ကျဥက္ကဌဖိလစ်ပိုင်နိုင်ငံက ဦးစီးတာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံက လက်ခံကျင်းပ တဲ့ မြန်မာအရေးအလွတ်သဘောဆွေးနွေးပွဲ ဖြစ်ပါတယ်။ မနေ့(ဇူလိုင် ၁၁)မှာ အိမ်ရှင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက် နဲ့ ဦးတင်မောင်ဆွေတို့က ကနီဦး တွေ့ဆုံခဲ့သလို ဒီနေ့ဆွေးနွ

Horizons News
6 days ago1 min read


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပွင့်ဖြူမြို့နယ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ Grade-10 ကျောင်းဆောင် လုံးဝပျက်စီး
ပွင့်ဖြူ ၊ ဇူလိုင် ၁၂ ၊ Horizons မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ရေးပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျောင်းဖွင့်ချိန်အတွင်း စာသင်ကျောင်းတစ်ကျောင်းကို ဒရုန်းအသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အထက်တန်းပြ ကျောင်းဆောင်တစ်ဆောင် လုံးဝပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းက ပွင့်ဖြူမြို့နယ်၊ အုတ်ဖိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.ထ.က-ခွဲ) သို့ စစ်ကောင်စီတပ်က ၈၁ မမ လက်

Horizons News
6 days ago1 min read
bottom of page